မိုင်းယောင်းမြို့တွင်  ဒေါက်တာဇော်ဝေစိုး နှင့် ကိုမင်းကိုနိုင် အပါအဝင် ပုဒ်မ-၅၀၅(ခ)၊ ပုဒ်မ ၁၂၂တို့ဖြင့် အမှုဖွင့်ထားသည့် (၁၇)ဦး၏ ပုံများကို ဗီနိုင်းများဖြင့် ကြေညာထား

မိုင်းယောင်းမြို့တွင်  ဒေါက်တာဇော်ဝေစိုး နှင့် ကိုမင်းကိုနိုင် အပါအဝင် ပုဒ်မ-၅၀၅(ခ)၊ ပုဒ်မ ၁၂၂တို့ဖြင့် အမှုဖွင့်ထားသည့် (၁၇)ဦး၏ ပုံများကို ဗီနိုင်းများဖြင့် ကြေညာထား
ဧပြီ 17, 2021 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ အဖွဲ့များက  ဒေါက်တာဇော်ဝေစိုး နှင့် ကိုမင်းကိုနိုင် အပါအဝင် ပုဒ်မ-၅၀၅(ခ)၊ ပုဒ်မ ၁၂၂တို့ဖြင့် ဖမ်းဝရမ်းထုတ် ခံထားရသည့် (၁၇)ဦး၏ အမည်နှင့်ပုံများကို  ဗီနိုင်းပိုစတာများဖြင့် ကြေညာထားကြောင်း သိရသည်။



 

အမှုဖွင့်ထားပြီး တရားခံပြေးဟု သတ်မှတ်ကား နီးစပ်ရာ ရဲစခန်းသို့ အကြောင်းကြားပေးရန်ဟုဆိုတာပြီး ဒေါက်တာဇော်ဝေစိုး၊ ဦးလွင်ကိုလတ်၊ ဦးနေမျိုး(ခ)ဦးဝင်း(ခ)မြင့်ဦး၊ ဦးထွန်းမြင့်၊ ဦးဝေဖြိုးအောင်၊ ဦးစောယှားဖောင်းအွာ၊ ဦးဇေလတ်၊ ဦးဝင်းနိုင်၊ ဦးမင်းကိုနိုင်၊ ဦးဥက္ကာမင်း၊ ဦးနိုင်ထူးအောင်၊ ဦးမျိုးနိုင်၊ ဦးဇော်မင်းသိန်း၊ ဦးရည်မွန်(ခ)မောင်တင်သစ်၊ ဒေါ်ဖြူဖြူဝင်း၊ ဒေါ်ဇင်မာအောင် နှင့် ဒေါ်မြတ်သီတာထွန်း တို့၏ အမည်များနှင့်ပုံများ အပါအဝင် စာရွက်များကို လိုက်လံ ကပ်ထားခြင်း ဖြစ်သည်။

မိုင်းယောင်းမြို့တွင် အဆိုပါ ပုံများကို သင်္ကြန်မတိုင်ခင်ကတည်းက ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။