တာချီလိတ်ရှိ နယ်စပ်ဝင်ပေါက်မှာ ကျန်းမာရေးက Thermal Scanner စက် တပ်ဆင်နိုင်ရေး စီစဉ်နေ

ဇန်နဝါရီ 26, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ်ရှိ နယ်စပ်ဝင်ပေါက်မှာ ကျန်းမာရေးက Thermal Scanner စက် တပ်ဆင်နိုင်ရေး စီစဉ်နေ 

မြန်မာ-ထိုင်းနယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်မြို့မှာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ခရီးသွားတွေကို တရုတ်နိုင်ငံ ဝူဟန်တွင် ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ တိုင်းတာစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၁)မှာ Thermal Scanner စက်တပ်ဆင်နိုင်ရေး စီစဉ်နေတယ်လို့ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံ တာချီလိတ်ကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေထဲမှာ ပြင်းထန်အဆုတ်ရောင်ရောဂါပိုး သံသယရှိပါက အရေးပေါ်ကုသနိုင်ဖို့အတွက်လည်း တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ အထူးကုသဆောင်ကို ဖွင့်လှစ်ထားပြီး လိုအပ်တဲ့စက်ကိရိယာတွေတပ်ဆင်ထားပါတယ်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~