ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသူ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

Photo: နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်း
Photo: နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်း
ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသူ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး
သြဂုတ် 11, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသူ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးသွား၍ သေဆုံးသူ (၃)ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ ကျိုင်းတုံမြို့ အမှတ်(၄)ရပ်ကွက်၊ ကန်နားပူလွယ်မှ အသက်(၄၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဆေးကုသမှုခံယူနေစဉ် ဩဂုတ်လ(၁၀)ရက်နေ့ ညနေပိုင်းက သေဆုံးသွားသည့်အတွက် ၎င်း၏ ရုပ်အလောင်းအား နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်းက သုဿန်သို့ ကူညီပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ဩဂုတ်လ(၁၀)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ (၄၀၀)ကျော်အထိရှိနေပြီး သေဆုံးသူမှာ (၃)ဦးအထိရှိနေကာ သတ်မှတ်ရက်ပြည့်၍ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၁၅၀)ဝန်းကျင်အထိရှိနေကြောင်း သိရသည်။