တာချီလိတ်တွင် မူးယစ်ဆေးဝါးဖြင့် ဖမ်းမိသည့် လူငယ်တစ်ဦး၏ မိုင်းဖုန်းရှိနေအိမ်မှ လက်နက်ခဲယမ်းများဖြင့် ဆက်လက် သိမ်းဆည်းရမိ၍ ကွင်းဆက်ဖမ်းဆီးရမိရေး စစ်ဆေးနေ

တာချီလိတ်တွင် မူးယစ်ဆေးဝါးဖြင့် ဖမ်းမိသည့် လူငယ်တစ်ဦး၏ မိုင်းဖုန်းရှိနေအိမ်မှ လက်နက်ခဲယမ်းများဖြင့် ဆက်လက် သိမ်းဆည်းရမိ၍ ကွင်းဆက်ဖမ်းဆီးရမိရေး စစ်ဆေးနေ
ဖေဖော်ဝါရီ 18, 2020
By Tachileik News Agency

တာချီလိတ်တွင် မူးယစ်ဆေးဝါးဖြင့် ဖမ်းမိသည့် လူငယ်တစ်ဦး၏ မိုင်းဖုန်းရှိနေအိမ်မှ လက်နက်ခဲယမ်းများဖြင့် ဆက်လက် သိမ်းဆည်းရမိ၍ ကွင်းဆက်ဖမ်းဆီးရမိရေး စစ်ဆေးနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် လူငယ်တစ်ဦးအား မူးယစ်ဆေးဝါးဖြင့် ဖမ်းဆီးရမိရာမှ နေအိမ်မှ လက်နက်နှင့် ကျည်ဆံများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ၍ ကွင်းဆက်များ ဖမ်းဆီးရမိရေး စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)မှ တပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ ညနေ (၄)နာရီ အချိန်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ပုံလို့လမ်းနှင့် အုန်းခြံလမ်းထောင့်သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာသည့် အသက် (၂၀)အရွယ် စိုင်းရှဲန်ဝန်းအား စစ်ဆေးရှာဖွေရာက ကတ်တမင်း (၉၀၀) ဂရမ် နှင့် ဖုန်း(၂)လုံးတို့အား တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ၎င်းအား စစ်ဆေးမှုများ ပြုလုပ်မှ ၎င်းနေထိုင်သည့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စု၊ ဝမ်တုံကျေးရွာနေရှိ နေအိမ်၏ အိပ်ခန်းအတွင်းက အမေရိကန်နိုင်ငံလုပ် M-16 သေနတ် (၁)လက်၊ ၎င်းကျည်အိမ် (၈)ခု၊ 5.56 MM ကျည် (၂၉၄)တောင့်၊ 9 MM Luger ကျည် (၁၀၀)တောင့်တို့အား တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေး၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၂၀)အရွယ် စိုင်းရှဲန်ဝန်းအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ အရအမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~