မူဆယ်ခရိုင်အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲ (၃)ခုကို ယာယီပိတ်

မူဆယ်ခရိုင်အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲ (၃)ခုကို ယာယီပိတ်
သြဂုတ် 17, 2020
By Tachileik News Agency
 

မူဆယ်ခရိုင်အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲ (၃)ခုကို ယာယီပိတ်
ရှမ်းပြည်နယ်( မြောက်ပိုင်း ) မူဆယ်ခရိုင်အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲ (၃)ခုကို လုံခြုံရေးပိုင်းတိုးမြှင့်ရန် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့မှစ၍ ယာယီပိတ်ထားကြောင်း အဆိုပါဘဏ်က ကြေညာထားသည်။
မူဆယ်ခရိုင်အတွင်းရှိ ဘဏ်များကို TNLA က ငွေကြေးကောက်ခံသည့်စာများ ပေးပို့သည်ဟု သတင်းများထွက်လာပြီးနောက်  ကမ္ဘောဇဘဏ်က နမ့်ခမ်းမြို့ရှိ ဘဏ်ခွဲနှင့် မူဆယ်မြို့တို့ရှိ ဘဏ်ခွဲ (၂) နှင့် ဘဏ်ခွဲ (၃)တို့ကို ယာယီပိတ်လိုက်ခြင်းဖြစ်သော်လည်း  အခြားဘဏ်လုပ်ငန်းများ၏ ဘဏ်ခွဲများမှာ ပုံမှန်အတိုင်း ဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါ ဘဏ်ခွဲများကို ပိတ်ရခြင်းမှာ COVID 19 ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လုံခြုံရေးပိုင်းဆိုင်ရာ ပြုပြင်ခြင်းများကို ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားပြီး ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ထပ်မံကြေညာမည်ဟု သတင်းထုတ်ထားသည်။
ဘဏ်ခွဲများပိတ်ထားစဉ်ကာလအတွင်း မူဆယ်ရှိ ဘဏ်ခွဲ (၁)ကို ဆက်ဖွင့်ထားမည်ဖြစ်၍ ဘဏ်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~