သီပေါမြို့နယ်အတွင်း တောထဲတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား (၃)ဦး၏ အလောင်းတွေ့ရှိ

သီပေါမြို့နယ်အတွင်း တောထဲတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား (၃)ဦး၏ အလောင်းတွေ့ရှိ
သြဂုတ် 24, 2020
By Tachileik News Agency
သီပေါမြို့နယ်အတွင်း တောထဲတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား (၃)ဦး၏ အလောင်းတွေ့ရှိ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါမြို့နယ် ကုန်းမုံကျေးရွာအနီး တောထဲတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား (၃)ဦး၏ အလောင်းကို ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့ နေ့လည်ပိုင်းက တွေ့ရသည့်အတွက် အလောင်းအား ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
“ကျေးရွာအုပ်ချုပ်ရေးမှူးကနေတစ်ဆင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာလို့သိရတယ်၊ သက်ဆိုင်ရာက နေ တစ်ဆင့် ကျွန်တော်တို့ဆီ သတင်းရောက်ပြီး သွားသယ်ပေးခဲ့တာပါ။ ကားလမ်းနဲ့ ပေ (၁၅၀)လောက်ဝေးတဲ့ တောထဲမှာတွေ့တာ၊ မနက် (၁၁)နာရီလောက်မှာ သွားသယ်ပေးခဲ့တာဖြစ်ပါတယ်” ဟု သေဆုံးနေသူများအား သွားရောက်သယ်ဆောင်ပေးခဲ့သည့် နယ်စည်းမခြားပရဟိတအသင်းမှ ကိုမျိုး( သီပေါ ) က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တောထဲတွင် သေဆုံးနေကြသူများမှာ အမည်မသိ လူလတ်ပိုင်းအရွယ် အမျိုးသား (၃)ဦးဖြစ်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်တွင် ကိုယ်စီ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြခြင်းဖြစ်ကာ အဆိုပါ နေရာတစ်ဝိုက်တွင် သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် အလောင်းများ ကို မကြာခဏတွေ့ရှိရတတ်ကြောင်း သိရသည်။
သေဆုံးသူများနှင့်ပတ်သက်၍ သေနတ်ဒဏ်ရာဖြင့်သေဆုံးမှု သေချာကြောင်းနှင့် သီပေါမြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရပြီး အခင်းဖြစ်ပွားသောနေရာတစ်ဝိုက်သည် မူးယစ်ဆေးဝါးလာရောက်သုံးစွဲသူများ မကြာခဏလာတတ်သည့် နေရာဖြစ်ကြောင်းလည်း သိရသည်။
 
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - နယ်စည်းမခြားပရဟိတ(သီပေါ)
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~