တာချီလိတ်မြို့က ဌာနဆိုင်ရာဝန်ထမ်းများ နဲ့ လူမှုရေးအသင်းအဖွဲ့များကို Covid-19 အခြေခံစားသောက်ကုန် ထောက်ပံ့ပေးရန် စီစဉ်နေ

တာချီလိတ်မြို့က ဌာနဆိုင်ရာဝန်ထမ်းများ နဲ့ လူမှုရေးအသင်းအဖွဲ့များကို Covid-19 အခြေခံစားသောက်ကုန် ထောက်ပံ့ပေးရန် စီစဉ်နေ
သြဂုတ် 5, 2020
By Tachileik News Agency
တာချီလိတ်မြို့က ဌာနဆိုင်ရာဝန်ထမ်းများ နဲ့ လူမှုရေးအသင်းအဖွဲ့များကို Covid-19 အခြေခံစားသောက်ကုန်  ထောက်ပံ့ပေးရန် စီစဉ်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ပရဟိတအသင်းအဖွဲ့ဝင်တွေကို အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးနိုင်ဖို့အတွက် စီစဉ်နေတယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

တာချီလိတ်ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ အငြိမ်းစားယူသွားတဲ့ဝန်ထမ်း (၃၅၀) ကျော်ကို အခြေခံစားသောက်ကုန် ထောက်ပံမှုတွေကို ၂၀၂၀ ခုနှစ် သြဂုတ်လ (၅) ရက်နေ့ နံနက်ပိုင်းက  ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတော်၏ အထောက်အပံ့မယူပဲ တာချီလိတ်မြို့မှ မြိုမိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် အလှူရှင်များပူးပေါင်းပြီး ဝင်ငွေနည်းမိသားစုများကို အခြေခံစားသောက်ကုန်များ ‌ေထာက်ပံ့မှုအဖြစ် နှစ်ကြိမ်တိုင်တိုင်ဆောင်ရွက်ခဲ့ပြီးနောက် အိမ်ထောင်စု (၆၀၀၀) ကျော်ကို ပေးဝေနိုင်ခဲ့သလို ဒုတိယအကြိမ်ထောက်ပံမှုမှာ‌တော့ ဘာသာရေးကျောင်းတွေနဲ့ ပရဟိတကျောင်းများကို ပေးဝေခဲ့ပြီး ကျန်ရှိနေသည့် အခြေခံစားသောက်ကုန်များကို တတိယအကြိမ်အဖြစ် ပေးဝေနိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~