ကျိုင်းတုံမြို့တွင် ကားနှင့်တိုက်မိပြီး ဆိုင်ကယ်စီးလာသည့် လင်မယား(၂)ဦး သေဆုံး

Photo: တိုင်းနေနာရေးကူညီမှုအသင်း
Photo: တိုင်းနေနာရေးကူညီမှုအသင်း
ကျိုင်းတုံမြို့တွင် ကားနှင့်တိုက်မိပြီး ဆိုင်ကယ်စီးလာသည့် လင်မယား(၂)ဦး သေဆုံး

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့  ကျိုင်းဖောင်းရွာအနီး ကျိုင်းတုံ- တောင်ကြီးသွားလမ်းပေါ်တွင် ကားနှင့်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်စီးလာသည့် လင်မယား(၂)ဦး သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

၂၀၂၃ခုနှစ် မေလ(၂၈)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်အချိန်က ကျိုင်းဖောင်းရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ ဆိုင်ကယ်စီးလာသည့် လင်မယား(၂)ဦး စလုံး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းများကို ကျိုင်းတုံဆေးရုံကြီးရှိ ရင်ခွဲရုံသို့ တိုင်းနေနာရေးကူညီမှုအသင်း(ကျိုင်းတုံ)က ချက်ချင်း ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းအရင်း အသေးစိတ်ကို မသိရသေးသော်လည်း သေဆုံးသူများမှာ ကျိုင်းဖောင်းရွာတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။