အထူးဒေသ (၄)ရှိ ဆွတ်လေဆိပ်ကမ်းသို့ စက်သုံးဆီပို့ဆောင်မည့် ရေယာဉ် ထိုင်းနိုင်ငံ ချင်းဆဲန်ဆိပ်ကမ်း၌ မီးလောင်မှုဖြစ်

အထူးဒေသ (၄)ရှိ ဆွတ်လေဆိပ်ကမ်းသို့ စက်သုံးဆီပို့ဆောင်မည့် ရေယာဉ် ထိုင်းနိုင်ငံ ချင်းဆဲန်ဆိပ်ကမ်း၌ မီးလောင်မှုဖြစ်
စကျတငျဘာ 20, 2019
By Tachileik News Agency

ရွှေတြိဂံဒေသအတွင်း ထိုင်းနိုင်ငံ၊ ချင်းဆဲန်ရှိ ဆိပ်ကမ်းတွင် ဆီတင်ရေယာဉ်တစ်စီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ နေ့လယ် (၂)နာရီ မိနစ် (၂၀)ဝန်းကျင်က မီးလောင်မှုဖြစ်ပွားပြီး အချိန်မီငြိမ်းသတ်နိုင်သဖြင့် သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။


မီးလောင်သည့်ရေယာဉ်မှာ ထိုင်းနိုင်ငံမှ ဆီသယ်ယူရန် လာရောက်သည့် အိမ်နီးချင်းနိုင်ငံတစ်ခုမှ ဆီတင်ရေယာဉ်ဖြစ်ကြောင်းနှင့် အသေးစိတ်ကို စစ်ဆေးနေဆဲဖြစ်၍ အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ ဆီတင်ရေယာဉ်သည် စက်သုံးဆီတန်ချိန် (၃၀၀) ကို ထိုင်းနိုင်ငံ ချင်းဆဲန်ဆိပ်ကမ်းမှ မြန်မာနိုင်ငံ အထူးဒေသ(၄)အတွင်းရှိ ဆွတ်လွေဆိပ်ကမ်းသို့ သယ်ဆောင်ရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ၊ ထိုင်းနှင့် လာအို (၃)နိုင်ငံနယ်စပ်ဖြစ်သည့် ရွှေတြိဂံဒေသတွင် မဲခေါင်မြစ်ကြောင်းကို  (၃)နိုင်ငံကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရွှတြေိဂံဒေသအတွင်း ထိုင်းနိုင်ငံ၊ ချင်းဆဲန်ရှိ ဆိပ်ကမ်းတွင် ဆီတင်ရေယာဉ်တစ်စီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ နေ့လယ် (၂)နာရီ မိနစ် (၂၀)ဝန်းကျင်က မီးလောင်မှုဖြစ်ပွားပြီး အချိန်မီငြိမ်းသတ်နိုင်သဖြင့် သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားသည့် ရေယာဉ်အနီးရှိ အခြားရေယာဉ်များကို မီးကူးစက်ခြင်းမရှိမှီ ကမ်းမှဆုတ်ခွာနိုင်ခဲ့ပြီး မီးလောင်ရခြင်းအကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

မီးလောင်သည့်ရေယာဉ်မှာ ထိုင်းနိုင်ငံမှ ဆီသယ်ယူရန် လာရောက်သည့် အိမ်နီးချင်းနိုင်ငံတစ်ခုမှ ဆီတင်ရေယာဉ်ဖြစ်ကြောင်းနှင့် အသေးစိတ်ကို စစ်ဆေးနေဆဲဖြစ်၍ အတည်မပြုနို်င်သေးကြောင်း သိရသည်။

အဆိုပါ ဆီတင်ရေယာဉ်သည် စက်သုံးဆီတန်ချိန် (၃၀၀) ကို ထိုင်းနိုင်ငံ ချင်းဆဲန်ဆိပ်ကမ်းမှ မြန်မာနိုင်ငံ အထူးဒေသ(၄)အတွင်းရှိ ဆွတ်လွေဆိပ်ကမ်းသို့ သယ်ဆောင်ရန် ရောက်ရှိနခြေင်းဖြစ်ကြောင်း သိရသည်။

မြန်မာ၊ ထိုင်းနှင့် လာအို (၃)နိုင်ငံနယ်စပ်ဖြစ်သည့် ရွှတြေိဂံဒေသတွင် မဲခေါင်မြစ်ကြောင်းကို (၃)နိုင်ငံကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုနခြေင်းဖြစ်သည်။

Tachileik News Agency
Photo: Thanakon Phuchuea , MGR Online

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net