မိုင်းယောင်းတွင် ငှက်ပျောခြံမှ အမျိုးသားနှစ်ဦးကို စိတ်ကြွဆေးပြား (၄၀၀)ကျော်နှင့်အတူ ဖမ်းမိ

မိုင်းယောင်းတွင် ငှက်ပျောခြံမှ အမျိုးသားနှစ်ဦးကို စိတ်ကြွဆေးပြား (၄၀၀)ကျော်နှင့်အတူ ဖမ်းမိ
အောက်တိုဘာ 20, 2019
By 🌸
မိုင်းယောင်းတွင် ငှက်ပျောခြံမှ အမျိုးသားနှစ်ဦးကို စိတ်ကြွဆေးပြား (၄၀၀)ကျော်နှင့်အတူ ဖမ်းမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် တာကော်ဆာကျေးရွာအနီးရှိ ငှက်ပျောခြံကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၄၀၁)ပြား၊ ကျပ်ငွေ (၉၀၀၀၀) နှင့်အတူ အမျိုးသားနှစ်ဦးကို ဖမ်းမိသည်ဟု သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မိုင်းယောင်းမြို့နယ်၊ ဝမ်မန်းအုပ်စု တာကော်ဆာကျေးရွာအနီး ငှက်ပျောခြံရှိ တဲအိမ်ကိုဝင်ရောက်ရှာဖွေရာ အသက် (၅၅)နှစ်အရွယ် ဦးအားခူနှင့် အသက် (၅၄)နှစ်အရွယ် ဦးလီဂေါင်းတို့အား  ဦးအားခူထံမှ စိတ်ကြွဆေးပြား (၄၀၁)ပြား၊ ဦးအားခူထံမှ ကျပ်ငွေ (၉၀၀၀၀)တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိသည့် အားခူနှင့် လီဂေါင်းတို့အား မိုင်းယောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။

သတင်း #စိုင်းယောင်းခမ်း
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မိုင္းေယာင္းတြင္ ငွက္ေပ်ာၿခံမွ အမ်ိဳးသားႏွစ္ဦးကို စိတ္ၾကြေဆးျပား (၄၀၀)ေက်ာ္ႏွင့္အတူ ဖမ္းမိ

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) မုိင္းေယာင္းၿမိဳ႕နယ္ တာေကာ္ဆာေက်းရြာအနီးရိွ ငွက္ေပ်ာၿခံကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၀)ရက္ေန႔ ေန႔လယ္ပိုင္းက ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးျပား (၄၀၁)ျပား၊ က်ပ္ေငြ (၉၀၀၀၀) ႏွင့္အတူ အမ်ိဳးသားႏွစ္ဦးကို ဖမ္းမိသည္ဟု သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀) တာခ်ီလိတ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းအဖြဲ႕သည္ မိုင္းေယာင္းၿမိဳ႕နယ္၊ ဝမ္မန္းအုပ္စု တာေကာ္ဆာေက်း႐ြာအနီး ငွက္ေပ်ာၿခံရိွ တဲအိမ္ကိုဝင္ေရာက္ရွာေဖြရာ အသက္ (၅၅)ႏွစ္အရြယ္ ဦးအားခူႏွင့္ အသက္ (၅၄)ႏွစ္အရြယ္ ဦးလီေဂါင္းတုိ႔အား  ဦးအားခူထံမွ စိတ္ၾကြေဆးျပား (၄၀၁)ျပား၊ ဦးအားခူထံမွ က်ပ္ေငြ (၉၀၀၀၀)တုိ႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းမိသည့္ အားခူႏွင့္ လီေဂါင္းတို႔အား မိုင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားသည္။

သတင္း #စိုင္းေယာင္းခမ္း
ဓါတ္ပံု - ရဲတပ္ဖြဲ႕

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net