ကျိုင်းတုံမြို့တွင် အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွား

ကျိုင်းတုံမြို့တွင် အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအနီးတွင် အမျိုးသားတစ်ဦး ရိုက်နှက်ခံရပြီး ဆိုင်ကယ်လုယူခံရမှု ဖြစ်ပွားကြောင်း သိရသည်။

၂၀၂၁ခုနှစ် မေလ(၂၈)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က အမျိုးသားတစ်ဦးအား အမည်မသိသူများမှ ရိုက်နှက်ပြီး ဆိုင်ကယ် လုယူသွားရာ၊ အခင်းဖြစ်ပွားရာ နေရာတွင် ရရှိထားသည့်   ဒဏ်ရာများဖြင့် သွေးများထွက်နေပြီး လဲကျနေကြောင်း သိရသည်။

ရိုက်နှက်ပြီး လုယက်ခံရသူမှာ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုတွင်း ဆွန်နော်ခမ်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်းအား နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်းက ဆေးရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

#TachileikNewsAgency

ဓါတ်ပုံ - နှလုံးလှပိုင်ရှင်များ(အခမဲ့)လူမှုကူညီရေးအသင်း