နိုင်ငံအတွင်း Covid-19 ပြည်တွင်းကူးစက်သူ (၁၃)ဦး ထပ်တိုး

နိုင်ငံအတွင်း Covid-19 ပြည်တွင်းကူးစက်သူ (၁၃)ဦး ထပ်တိုး
သြဂုတ် 29, 2020
By Tachileik News Agency
နိုင်ငံအတွင်း Covid-19 ပြည်တွင်းကူးစက်သူ (၁၃)ဦး ထပ်တိုး

ရခိုင်ပြည်နယ်အတွင်းမှ အထိအတွေ့မရှိသူများ အပါအဝင် အတည်ပြုလူနာများနှင့် ထိတွေ့သူ စုစုပေါင်း (၁၃)ဦးတွင် Covid-19 ပြည်တွင်းကူးစက်သူများအဖြစ် စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၉)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် သတင်းထုတ်ပြန်သည်။

Covid-19 ပြည်တွင်းကူးစက်သူများအဖြစ် စစ်ဆေးတွေ့ရှိရသူများတွင် ရခိုင်ပြည်နယ် စစ်တွေမြို့က (၄)ဦး၊ မြောက်ဦးမြို့က (၄)ဦး၊ ကျောက်ဖြူမြို့က (၂)ဦး၊ မြေပုံမြို့က (၁)ဦး နှင့် ကျောက်တော်မြို့က (၁)ဦးအပြင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့က (၁)ဦး ပါဝင်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ ဩဂုတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းအချိန်အထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၆၅၆)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~