ကျောက်မဲမြို့အား LOCKDOWN လုပ်သည် ဆိုသည်မှာ ကောလဟာလ

ကျောက်မဲမြို့အား LOCKDOWN လုပ်သည် ဆိုသည်မှာ ကောလဟာလ
ဧပြီ 3, 2020
By Tachileik News Agency
ကျောက်မဲမြို့အား LOCKDOWN လုပ်သည် ဆိုသည်မှာ ကောလဟာလ 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် မြို့တွင်း ဝင်ထွက်သူများအား ကျန်းမာရေးစစ်ဆေးမှု ထိရောက်စွာ လုပ်ဆောင်နိုင်ရန် အတွက် အဓိက လမ်းမကြီးတစ်ခုကိုသာ ဖွင့်ထားခြင်းဖြစ်ပြီး ဝင်ထွက်သွားလာခြင်း ပိတ်ပင်မှု မရှိကြောင်း နှင့် LOCKDOWN ချလိုက်သည်ဆိုသည်မှာ ကောလဟာလသာဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာ (၁)ဦး တွေ့ပြီးနောက် မြို့ပေါ်လမ်းတွေပိတ်ထားတယ်ဆိုတဲ့သတင်းက သတင်းအမှားပါ။ လမ်းတွေကို ပိတ်ထားရတာက မြို့ရဲ့အဓိက လမ်းမကြီး တစ်ခုမှာပဲ ကျန်းမာရေးစစ်ဆေးပြီး စာရင်းကောက်ခံတာရှိတဲ့ အတွက် မြို့ထဲကို ဝင်လာသူတွေထဲမှာ အိမ်နီးချင်းနိုင်ငံက ပြန်လာသူတွေ ပါလာရင် မသိလိုက်ဘဲ ဖြစ်မှာစိုးလို့ လမ်းတစ်ခုပဲဖွင့်ပြီး ကျန်တဲ့လမ်းတွေကနေ လမ်းလွှဲပေးစေတာပါ။ Covid-19 ရောဂါနဲ့ပတ်သက်ပြီး ကျန်တဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေလည်း လုပ်နေပါတယ်

ဟု ကျောက်မဲ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ (၃) ရက်နေ့တွင် ပြောသည်။

ကျောက်မဲတွင် လက်ရှိအချိန်၌ မြို့အဝင် ပင်လုံလမ်းမကြီး တစ်ခုတည်းမှသာ ဝင်ရောက်စေပြီး လူတိုင်းကို ကျန်းမာရေး စစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်ပြီး ဈေးများ၊ ကျောင်းများစသည့် အများပြည်သူနေရာများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ ထုံးဖြူးခြင်း စသည်တို့ကို  Covid-19 ရောဂါကာကွယ်ရေးနှင့်ကူးစက်ပြန့်ပွားမှု လျှော့ချရေး ကော်မတီနှင့် တာဝန် ရှိ သူများ ပူးပေါင်းလုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု သိရသည်။

ကျောက်မဲ ပြည်သူ့ဆေးရုံတွင် ထိုင်းနိုင်ငံမှ ပြန်လာသည့် ဒေသခံတစ်ဦးကို COVID 19 အတည်ပြုလူနာအဖြစ် တွေ့ရပြီးနောက် လားရှိုးဆေးရုံသို့ လွှဲပြောင်းကုသပေးနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -  နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~