ကျောက်မဲဆေးရုံတွင် လူနာလာမေးသူ၏ ဆိုင်ကယ်ခိုးခံရပြီးနောက် နေ့တစ်ပိုင်းအတွင်း ပြန်လည်ဖမ်းမိ

ကျောက်မဲဆေးရုံတွင် လူနာလာမေးသူ၏ ဆိုင်ကယ်ခိုးခံရပြီးနောက် နေ့တစ်ပိုင်းအတွင်း ပြန်လည်ဖမ်းမိ
သြဂုတ် 30, 2020
By Tachileik News Agency
ကျောက်မဲဆေးရုံတွင် လူနာလာမေးသူ၏ ဆိုင်ကယ်ခိုးခံရပြီးနောက် နေ့တစ်ပိုင်းအတွင်း ပြန်လည်ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံသို့ လူနာလာကြည့်သူတစ်ဦး၏ ဆိုင်ကယ်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့ညပိုင်းက ခိုးယူထွက်ပြေးသွားသည့် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က နေ့တစ်ပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။
ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံ၏ အရိုးဆောင်တွင် လူနာလာကြည့်သူ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်အား အဆောင်ရှေ့တွင် ရပ်ထားခဲ့ပြီး လူနာအား သွားရောက်ကြည့်ပြီးနောက် လူနာထံမှ ညနေ (၄) နာရီ (၄၅)မိနစ်ဝန်းကျင်တွင် ပြန်လာစဉ် ဆိုင်ကယ်မှာ အဆောင်ရှေ့တွင် မတွေ့ရတော့ဘဲ ပျောက်ဆုံးနေသည်ကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့တွင်း လှည့်ကင်းပတ်နေသည့် ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခဲ့သဖြင့် မြို့အဝင်အထွက် တိုးဂိတ်များနှင့် ဆက်သွယ်ရှာဖွေရာ သီပေါတိုးဂိတ်အနီးတွင် ဆိုင်ကယ်ခိုးယူသွားသည့် အမျိုးသားအား ဆိုင်ကယ်နှင့်အတူ တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်အားခိုးယူသွားသူမှာ အသက် (၃၈)နှစ်အရွယ် ဇော်ဝင်းဌေးဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းအား ကျောက်မဲမြို့မရဲစခန်းတွင် (ပ) ၈၂/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၈( ဆက) ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~