PSDA က နမ့်ခမ်းမြို့ရှိ စည်ပင်ရုံးကို ဝင်ရောက်စီးနင်းပြီး  CDM ပြုလုပ်ရန် သတိပေး

 PSDA က နမ့်ခမ်းမြို့ရှိ စည်ပင်ရုံးကို ဝင်ရောက်စီးနင်းပြီး  CDM ပြုလုပ်ရန် သတိပေး
ဧပြီ 22, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့ရှိ စည်ပင်ရုံးကို People Security And  Defence Army(PSDA)တပ်ဖွဲ့က ယနေ့ ဧပြီလ(၂၂)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းကာ စစ်ကောင်စီဝန်ထမ်းများအား CDM လုပ်ကြရန် သတိပေးခဲ့ကြောင်း သိရသည်။

PSDA တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ရုံးထဲရှိ အရာရှိတစ်ဦး အပါအဝင် (၉)ဦးကို ရုံးပိတ်ရန်နှင့် CDM လုပ်ကြရန်‌ပြောဆိုရာ ၎င်းတို့ကလည်း ရုံးပိတ်မည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။

စည်ပင်ရုံးသည် အာဏာသိမ်းစစ်ကောင်စီအတွက် အခွန်များလိုက်လံ ကောက်ခံနေခြင်းကြောင့် ရုံးပိတ်ရန် သတိပေးခြင်းဖြစ်ပြီး ယခင်ကလည်း ဗုံးခွဲသတိပေးခံရဖူးကြောင်း သိရသည်။

PSDA အဖွဲသည့် ပြီးခဲ့သည့် ရက်ကလည်း မူဆယ်မြို့၊ နမ့်ခမ်းမြို့နယ်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူများကို လုံခြုံရေးကိစ္စများ စစ်ဆေးပူပေါင်းဆောင်ရွက်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားမှုများအား လိုက်နာပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန်နှင့် ပူပေါင်းဆောင်ရွက်မှုများကိုတွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထားသေးသည်။

ယင်းအပြင် မူဆယ်ရဲစခန်း၊ စ.ရ.ဖရုံးများကိုလည်း ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး လ.ဝ.ကရုံးကိုလည်း CDM လုပ်ကြရန် မီးရှို့ သတိပေးခဲ့ဖူးသည်။