အမႈသက္သာအဆင္ေျပရန္ႏွင့္ ဉွာဥ္းပန္းမႏွိမ္စက္ရန္အတြက္ဟုဆိုကာ ေငြေၾကးေတာင္းခံသည့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး၊ စခန္းမွဴး ႏွင့္ အမႈစစ္တို႔အား မႏၱေလးတြင္ အဂတိလိုက္စားမႈျဖင့္ အမႈဖြင့္အေရးယူ

အမႈသက္သာအဆင္ေျပရန္ႏွင့္ ဉွာဥ္းပန္းမႏွိမ္စက္ရန္အတြက္ဟုဆိုကာ ေငြေၾကးေတာင္းခံသည့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး၊ စခန္းမွဴး ႏွင့္ အမႈစစ္တို႔အား မႏၱေလးတြင္ အဂတိလိုက္စားမႈျဖင့္ အမႈဖြင့္အေရးယူ
ဇွန် 14, 2019
By Tachileik News Agency

အမႈသက္သာေစရန္ ၊ အက်ဥ္းေထာင္သို႔ မပို႔ရန္ ႏွင့္ တရားခံအား ညႇဥ္းပန္းမႏွိပ္စက္ရန္ အျပင္ အမႈကိစၥ အဆင္ေျပရန္အတြက္ ေငြေၾကးေထာင္းခံသည့္ မႏၱေလးတုိင္းေဒသႀကီးအတြင္းမွ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးအပါအ၀င္ စခန္းမွဴး ႏွင့္ အမႈစစ္ရဲအုပ္တို႔ (၃)ဦးအား  အဂတိလိုက္စားမႈတုိက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ အေရးယူလိုက္ေၾကာင္း ၂၀၁၉ခုႏွစ္ ဇြန္လ(၁၄)ရက္ေန႔တြင္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က သတင္းထုတ္ျပန္လိုက္သည္။

ခ်မ္းေအးသာစံၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့သည့္ ရဲမွဴးသိန္းႏိုင္က အမႈကိစၥ အဆင္ေျပေစရန္ တရားခံ၏ ဖခင္ထံမွ ေငြက်ပ္(၂)သိန္းကို လည္းေကာင္း၊ စခန္းမွဴးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ရဲအုပ္ေက်ာ္သူက တရားခံ၏ ဖခင္ထံမွ အမႈသက္သာေစရန္ ေငြက်ပ္(၂)သိန္းႏွင့္ အိုးဘိုအက်ဥ္းေထာင္မပို႔ရန္ အတြက္ ေငြက်ပ္(၂)သိန္းတို႔ကို လည္းေကာင္း၊ အမႈစစ္ ဒုရဲအုပ္ ထြန္းထြန္းလင္းက တရားခံ၏ ဖခင္ထံမွ တရားခံအား မၫႇဥ္းပန္းမႏွိပ္စက္ရန္ႏွင့္ အမႈကိစၥအဆင္ေျပရန္ ေငြက်ပ္ (၁၅၀,၀၀ဝ) ႏွင့္ ဖမ္းဆီးသိမ္းဆည္းထားေသာ ဆိုင္ကယ္ျပန္လည္ရရွိေရးအတြက္ ေငြက်ပ္ (၂၅၀,၀၀ဝ) တို႔ကိုလည္းေကာင္း လက္ခံရယူခဲ့သည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမွတ္(၃) နယ္ေျမရဲစခန္းတြင္  (ပ)၃၄၉/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၂၆/၁၁၄ အမႈကိစၥႏွင့္ ပတ္သက္၍ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ဂိမ္းဆိုင္၌ ဖမ္းဆီးခံခဲ့ရာတြင္ မသကၤာမႈျဖင့္ ဖမ္းဆီးျခင္းမဟုတ္ဘဲ ခိုက္ရန္ျဖစ္ပြားေသာအမႈ၌ ပါဝင္သည္ဟု စြပ္စြဲၿပီး ဖမ္းဆီးခံရသူထံမွ အမႈႏွင့္သက္ဆိုင္ျခင္းမရွိဘဲ မတရားဖမ္းဆီးၿပီး ၫႇဥ္းပန္း ႏွိပ္စက္ကာ ပိုက္ဆံေတာင္းခံခဲ့သည္ဟု ေကာ္မရွင္ထံ တုိင္ၾကားလာသျဖင့္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ မႏၲေလးတိုင္း ေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ရဲမွဴးသိန္းႏိုင္ (ယခု ဒုတိယခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး ဥတၱရခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး႐ုံး)၊ ရဲအုပ္ ေက်ာ္သူ(ယခု ကမၻာလွည့္ ခရီးသြား လုံၿခဳံေရးရဲတပ္ဖြဲ႕)၊ ဒုတိယရဲအုပ္ ထြန္းထြန္းလင္း တို႔အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ ခ်မ္းေအး သာစံၿမိဳ႕နယ္၊ အမွတ္(၃)နယ္ေျမ ရဲစခန္းတြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၄)ရက္ေန႔၌ အမႈဖြင့္တုိင္ၾကားလုိက္ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


အမှုသက်သာစေရန်၊ အကျဉ်းထောင်သို့ မပို့ရန် နှင့် တရားခံအား ညှဉ်းပန်းမနှိပ်စက်ရန် အပြင် အမှုကိစ္စ အဆင်ပြေရန်အတွက် ငွေကြေးထောင်းခံသည့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် စခန်းမှူး နှင့် အမှုစစ်ရဲအုပ်တို့ (၃)ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒဖြေင့် အမှုဖွင့် အရေးယူလိုက်ကြောင်း ၂၀၁၉ခုနှစ် ဇွန်လ(၁၄)ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်သည်။

ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲမှူးသိန်းနိုင်က အမှုကိစ္စ အဆင်ပြေစေရန် တရားခံ၏ ဖခင်ထံမှ ငွေကျပ်(၂)သိန်းကို လည်းကောင်း၊ စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ရဲအုပ်ကျော်သူက တရားခံ၏ ဖခင်ထံမှ အမှုသက်သာစေရန် ငွေကျပ်(၂)သိန်းနှင့် အိုးဘိုအကျဉ်းထောင်မပို့ရန် အတွက် ငွေကျပ်(၂)သိန်းတို့ကို လည်းကောင်း၊ အမှုစစ် ဒုရဲအုပ် ထွန်းထွန်းလင်းက တရားခံ၏ ဖခင်ထံမှ တရားခံအား မညှဉ်းပန်းမနှိပ်စက်ရန်နှင့် အမှုကိစ္စအဆင်ပြေရန် ငွေကျပ် (၁၅၀,ဝဝဝ) နှင့် ဖမ်းဆီးသိမ်းဆည်းထားသော ဆိုင်ကယ်ပြန်လည်ရရှိရေးအတွက် ငွေကျပ် (၂၅၀,ဝဝဝ) တို့ကိုလည်းကောင်း လက်ခံရယူခဲ့သည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်းတွင် (ပ)၃၄၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ အမှုကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဂိမ်းဆိုင်၌ ဖမ်းဆီးခံခဲ့ရာတွင် မသင်္ကာမှုဖြင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ ခိုက်ရန်ဖြစ်ပွားသောအမှု၌ ပါဝင်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခံရသူထံမှ အမှုနှင့်သက်ဆိုင်ခြင်းမရှိဘဲ မတရားဖမ်းဆီးပြီး ညှဉ်းပန်း နှိပ်စက်ကာ ပိုက်ဆံတောင်းခံခဲ့သည်ဟု ကော်မရှင်ထံ တိုင်ကြားလာသဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရဲမှူးသိန်းနိုင် (ယခု ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူးရုံး)၊ ရဲအုပ် ကျော်သူ(ယခု ကမ္ဘာလှည့် ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့)၊ ဒုတိယရဲအုပ် ထွန်းထွန်းလင်း တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ချမ်းအေး သာစံမြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်းတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့၌ အမှုဖွင့်တိုင်ကြားလိုက်ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net