ကျောက်မဲမြို့နယ်အတွင်း ဂုတ်တွင်းလမ်းပိုင်းတွင် တွဲကားတစ်စီး နောက်တွဲလိမ်၍ ကားကြီးများသွားမရဘဲ လမ်းပိတ်နေ

ကျောက်မဲမြို့နယ်အတွင်း ဂုတ်တွင်းလမ်းပိုင်းတွင် တွဲကားတစ်စီး နောက်တွဲလိမ်၍ ကားကြီးများသွားမရဘဲ လမ်းပိတ်နေ
ဒီဇင်ဘာ 19, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း ဂုတ်တွင်းလမ်းပိုင်းတွင် တွဲကားတစ်စီး နောက်တွဲလိမ်၍ ကားကြီးများသွားမရဘဲ လမ်းပိတ်နေ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းလမ်းပိုင်းတွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းက ငှက်ပျောသီးဂျပ်ဖာများတင်လာသည့် တွဲကားတစ်စီး နောက်တွဲလိမ်ပြီး လမ်းပိတ်နေ၍ ကားငယ်လေးများသာ ဖြတ်သန်းနိုင်သေးကာ နေ့လည် (၂)နာရီဝန်းကျင်အထိ လမ်းရှင်းရဖွယ်ရှိကြောင်း သိရသည်။
“လောလောဆယ်ကတော့ လူကြီးလမ်းကြောင်းရှိနေလို့ ယာဉ်ငယ်တွေ ဖြတ်သန်းသွားလို့ရအောင် အမြန်ရှင်းလင်းပေးနေပါတယ်။ ကားက လုံးဝမှောက်သွားတာ မဟုတ်ဘူး။ ကုန်တင်လာတဲ့နောက်တွဲက လိမ်ပြီးတော့ ကုန်တွေပြုတ်ကျပြီး လမ်းပေါ်ပိတ်နေတာ။ အမြန်ရှင်းလင်းပေးဖို့ လုပ်နေပါတယ်။ လမ်းပြန်ပွင့်မယ့်အချိန်ကတော့ မခန့်မှန်းတတ်သေးဘူး” ဟု ကျောက်မဲရှိ အမှတ် ( ၁၂၄ ) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နောင်ချိုဘက်မှ ကျောက်မဲဘက်သို့အဆင်း ဂုတ်တွင်းလမ်းပိုင်းရှိ နံပါတ် (၇) အကွေ့ ( ဒေသအခေါ် ကုလားမကွေ့) တွင် ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် (၁၀) နာရီခွဲဝန်းကျင်က မန္တလေးဘက်မှ ငှက်ပျောသီးများထည့်ထားသော ဂျပ်ဖာများတင်ဆောင်လာသည့် တွဲကားတစ်စီး မတော်တဆဖြစ်ကာ လမ်းပိတ်သွားခြင်းဖြစ်သည်။
ပြည်ထောင်စုလမ်းမကြီးအား တာဝန်ယူထားသည့် Oriental Highway Co.ltd မှ တာဝန်ရှိသူများ၊ ဂုတ်တွင်းလမ်းပိုင်းရှိ လုံခြုံရေးတာဝန်ကျ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် ဂုတ်တွင်းလမ်းပိုင်းတွင်ရောက်ရှိနေသည့် မော်တော်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နာက်လိုက်များကလည်း လမ်းပေါ်ပိတ်နေသည့် ကုန်ပစ္စည်းများကို ဝိုင်းဝန်းသယ်ယူ ဖယ်ရှားပေးနေသည်ဟု သိရသည်။
အဆိုပါအကွေ့တွင် နံနက် (၁၀) နာရီခန့်ကလည်း ကုန်တင်ယာဉ်တစ်စီး မတော်တဆဖြစ်ကာ လဲကျလုနီးပါးဖြစ်သွားခဲ့သည့်အတွက် ဂုတ်တွင်းလမ်းပိုင်းတွင် အသင့်ထားရှိပေးထားသော ဘက်ဟိုးယာဉ်ဖြင့် ထိန်းပေးခဲ့ရကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~