သီပေါမြို့နယ်အတွင်းမှ အကြားအာရုံချို့တဲ့သူများကို အခမဲ့ကုသပေးပြီး နားကြားကိရိယာ၊ဆေးဝါးများ ထောက်ပံ့မည်v

သီပေါမြို့နယ်အတွင်းမှ အကြားအာရုံချို့တဲ့သူများကို အခမဲ့ကုသပေးပြီး နားကြားကိရိယာ၊ဆေးဝါးများ ထောက်ပံ့မည်v
ဇှနျ 16, 2019
By Tachileik News Agency




သီပေါမြို့နယ်အတွင်း ဒေသအသီးသီးမှ ကုသမှုခံယူမည့်သူများနှင့် ကုသမှုခံယူမည့်သူများအတွက် နေထိုင်စားသောက်စရိတ်များကို လှူဒါန်းလိုသူများအနေဖြင့် သီပေါ ဆေးလူမှုဆက်ဆံရေးမှူး မယဉ်ကျော့ကျော့ခိုင် ဖုန်း 09973009210 သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း -  နေဖြိုးမြင့်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းနေ အကြားအာရုံချို့တဲ့သူများကို ခွဲစိတ်ကုသပေးခြင်းနှင့် နားကြားကိရိယာ၊ ဆေးဝါးထောက်ပံ့ခြင်းတို့ဖြင့် အခမဲ့ဆောင်ရွက်ပေးခြင်းအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း သီပေါပြည်သူ့ဆေးရုံတွင် လုပ်ဆောင်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။

"ကုသပေးမယ့်အစီအစဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ အခြားမြို့နယ်တွေကမပါဘဲ သီပေါမြို့နယ်တွင်း သီးသန့်လုပ်ဆောင်ပေးမယ်လို့ လောလောဆယ်သိရပါတယ်။ သီပေါမြို့နယ်အတွင်းက အကြားအာရုံချို့တဲ့သူ မည်သူမဆို နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ ဇွန်လမကုန်ခင် စာရင်းပေးသွင်းနိုင်ပါတယ်"ဟု သီပေါ ပြည်သူ့ဆေးရုံမှ ဆေးလူမှုဆက်ဆံရေးမှူး မယဉ်ကျော့ကျော့ခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နားလေးစီမံချက်နှင့် သီပေါကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး သီပေါမြို့နယ်အတွင်းရှိ နီးစပ်ရာကျန်းမာရေးဌာနများတွင် ဇွန်လမကုန်မီ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်း ဒေသအသီးသီးမှ ကုသမှုခံယူမည့်သူများနှင့် ကုသမှုခံယူမည့်သူများအတွက် နေထိုင်စားသောက်စရိတ်များကို လှူဒါန်းလိုသူများအနဖြေင့် သီပေါ ဆေးလူမှုဆက်ဆံရေးမှူး မယဉ်ကျော့ကျော့ခိုင် ဖုန်း 09973009210 သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net