လားရှိုးညဈေးကို COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ပြန်လည် ဖွင့်လှစ်ပေးထား

လားရှိုးညဈေးကို COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ပြန်လည် ဖွင့်လှစ်ပေးထား
ဇူလိုင် 23, 2020
By Tachileik News Agency
လားရှိုးညဈေးကို COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ပြန်လည် ဖွင့်လှစ်ပေးထား

ရှမ်းပြည်နယ် (မြောက်ပိုင်း ) လားရှိုးမြို့ရှိ ညဈေးတန်းအား Covid-19 ကာကွယ်ရေးအစီအစဉ်ဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့မှစ၍ ဖွင့်ခွင့်ပေးထားရာ ဆိုင်ခန်းပေါင်း (၄၀၀) ကျော်ရှိသည့်အနက် ဆိုင်ခန်း (၅၀) ကျော်သာ လာရောက်ဖွင့်လှစ်ကြကြောင်း သိရသည်။

ညဈေးက ဈေးသည်ပေါင်း (၁၀၀) ကျော်ရဲ့ လက်မှတ်ထိုးပြီး ဈေးဖွင့်ခွင့်တင်ပြခဲ့တာကို အဆင့်ဆင့် ပြန်လည် တင်ပြပြီးမှ Covid-19 ကာကွယ်ရေး အစီအစဉ်တွေနဲ့ ပြန်ဖွင့်စေခဲ့တာပါ။ စစချင်း ဖွင့်လို့ရတဲ့ ရက်မှာတော့ ဈေးဆိုင်ခန်း (၅၀) ကျော် လာဖွင့်ကြတယ်။ ညပိုင်း ဈေးသိမ်းတာလည်း တော်တော်စောစော သိမ်းကြတယ်

 ဟု လားရှိုးမြို့မဈေးကော်မတီ ဥက္ကဌ ဦးအောင်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၂၂) ရက်နေ့တွင် ပြောသည်။

ညဈေးတွင် ဈေးဆိုင်တိုင်း Mask နှင့် လက်ဆေးဂျယ်လ်များ ထားရှိစေခြင်း၊ ဆိုင်များကို တစ်ရက်ခြားစီဖြင့် တစ်ဆိုင်ခြားစီ ဖွင့်စေခြင်း၊ ဆိုင်ရှင်နှင့် ဈေးဝယ်များအား Mask တပ်ဆင်စေခြင်းများကို လိုက်နာဆောင်ရွက်ကြရကြောင်း သိရသည်။

လားရှိုးညဈေးတွင် ဈေးဆိုင်ခန်းပေါင်း (၄၀၀) ကျော်ရှိသည့်အနက် အချို့ဈေးသည်များမှာ  ညဈေးပိတ်ထားသည့်ကာလအတွင်း မိမိတို့နေအိမ်၌သာ ဈေးရောင်းချနေကြရာ ညဈေးပြန်လည်ဖွင့်လှစ်ချိန်တွင် လာရောက်ဖွင့်လှစ်သည့်ဆိုင် လျော့နည်းလာကြောင်း သိရသည်။

COVID 19 ကာကွယ်ရေး ကန့်သတ်ချက်များကို ဇူလိုင်လ (၃၁)ရက်နေ့အထိ သတ်မှတ်ထားရာတွင် လုပ်ငန်းအချို့အား ရောဂါကာကွယ်ရေးသတ်မှတ်ချက်များအတိုင်း ပြန်လည်လုပ်ကိုင်ခွင့်ပေးနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ-  နေမျိုး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~