အတည်ပြုလူနာ Case 375 တာဝန်ထမ်းဆောင်ခဲ့သည့် စစ်တွေ CB BANK ခွဲတွင် အစားထိုးဝန်ထမ်း၊ အစားထိုးငွေသားများဖြင့် ဩဂုတ်လ(၁၉)ရက်နေ့ ပြန်လည် ဖွင့်လှစ်မည်

အတည်ပြုလူနာ Case 375 တာဝန်ထမ်းဆောင်ခဲ့သည့် စစ်တွေ CB BANK ခွဲတွင် အစားထိုးဝန်ထမ်း၊ အစားထိုးငွေသားများဖြင့် ဩဂုတ်လ(၁၉)ရက်နေ့ ပြန်လည် ဖွင့်လှစ်မည်
သြဂုတ် 17, 2020
By Tachileik News Agency
အတည်ပြုလူနာ Case 375 တာဝန်ထမ်းဆောင်ခဲ့သည့် စစ်တွေ CB BANK ခွဲတွင် အစားထိုးဝန်ထမ်း၊ အစားထိုးငွေသားများဖြင့် ဩဂုတ်လ(၁၉)ရက်နေ့ ပြန်လည် ဖွင့်လှစ်မည်
အတည်ပြုလူနာ Case (375) တာဝန်ထမ်းဆောင်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စီဘီဘဏ်ခွဲမှ ဝန်ထမ်းအားလုံးကို  ဓာတ်ခွဲနမူနာရယူစစ်ဆေးမည်ဖြစ်ပြီး  အစားထိုး ဝန်ထမ်း၊ အစားထိုး ငွေသားများဖြင့် ဘဏ်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့မှစ၍ ပြည်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
စစ်တွေဘဏ်ခွဲတွင် တာဝန်ထမ်းဆောင်နေသည့် ဘဏ်ဝန်ထမ်းအမျိုးသမီးတွင် COVID 19 ပိုးတွေ့ရကြောင်း သြဂုတ်လ (၁၆)ရက်နေ့က စစ်ဆေးတွေ့ရသဖြင့် အဆိုပါ စစ်တွေဘဏ်ခွဲရှိ ဘဏ်ဝန်ထမ်းများအားလုံးကို ရောဂါပိုး ရှိ/မရှိ သြဂုတ်လ (၁၇) ရက်နေ့၌ စစ်ဆေးမည်ဖြစ်ကြောင်း စီဘီဘဏ်က သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းအပြင် ဘဏ်ခွဲ အဆောက်အဦးနေရာအား သြဂုတ်လ (၁၇)ရက်နှင့် (၁၈)ရက်နေ့များတွင် ပိတ်ထားပြီး  အဆောက်အဦးနေရာအားလုံး၊ ရုံးသုံးပစ္စည်းအားလုံးကို  ပိုးသတ်ဆေးဖြန်းခြင်းကို ဆောင်ရွက်နေပြီး ဘဏ်တွင် COVID 19 ကာကွယ်ရေးလုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - CB BANK
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~