တာချီလိတ်မြို့နယ်အတွင်း လွယ်တော်ခမ်းတွင် စိတ်ကြွရူးသွပ်ဆေး တစ်သိန်း ဖမ်းမိ

တာချီလိတ်မြို့နယ်အတွင်း လွယ်တော်ခမ်းတွင် စိတ်ကြွရူးသွပ်ဆေး တစ်သိန်း ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုတွင်း စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်း ဖမ်းဆီးရမိကြောင်း သိရသည်။

၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်(၆)နာရီအချိန်က တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း  လမ်းလျှောက်လာသည့် ရှီဘ နှင့် အာဇာနည် ဆိုသူတို့အား စစ်ဆေးရာမှ ၎င်းတို့ သယ်ဆောင်လာသည့် ဆာလာအိတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁)သိန်းကို တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးရာမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည်ဟုဆိုသူ ကျာမူး နှင့် ရားလော်တို့ကိုလည်း လက်ကိုင်ဖုန်း (၁)လုံးနှင့်အတူ ဖမ်းဆီးရမိ၍ ၎င်းတို့ (၄)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။