စစ်ကောင်စီအုပ်ချုပ်မှု ကာလအတွင်း ကျိုင်းတုံဆေးရုံပြန်ဖွင့်လှစ်ရေး လက်မှတ်ထိုးတင်ပြသူများကို မြို့ခံပြည်သူလုများက  ရှုတ်ချ

စစ်ကောင်စီအုပ်ချုပ်မှု ကာလအတွင်း ကျိုင်းတုံဆေးရုံပြန်ဖွင့်လှစ်ရေး လက်မှတ်ထိုးတင်ပြသူများကို မြို့ခံပြည်သူလုများက  ရှုတ်ချ
မတ် 8, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မိမြို့ဖ (၁၉)ဦးဆိုသူများက ကျိုင်းတုံ ကုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးအား စစ်ကောင်စီအုပ်ချုပ်မှုအတွင်း ပြန်လည်ဖွင့်လှစ်ပေးရေး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ လက်မှတ်ထိုး တင်ပြတောင်းဆိုမှုနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တစ်စောင်ကို ကျိုင်းတုံမြို့ရှိ မြို့ခံပြည်သူလုများက ထုတ်ပြန်လိုက်သည်။

ကျိုင်းတုံမြို့မှ မြို့မိမြို့ဖများက CDM လုပ်နေသည့် ကျိုင်းတုံပြည်သူ့ဆေးရုံကို ပြန်ဖွင့်ပေးရန် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ ၂၀၂၁ ခုနှစ် မတ်လ (၅)ရက်နေ့၌ လက်မှတ်ရေးထိုးတင်ပြထားခြင်းဖြစ်ပြီး ယင်းသို့ လက်မှတ်ထိုးတင်ပြမှုနှင့် ပတ်သက်၍ ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့ပြီးနောက် ရှုတ်ချသည့် ထုတ်ပြန်ချက်ကို မတ်လ(၆)ရက်နေ့က ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

ကျိုင်းတုံဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် စစ်အာဏာသိမ်းမှုကို လက်မခံသည့်အပြင် စစ်အာဏာရှင်လက်အောက်တွင် လုပ်ငန်းတာဝန်များကို မလုပ်ဆောင်လို၍ ပြည်သူဘက်က ရပ်တည်ကာ CDM လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

Tachileik News Agency