ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့တွင် တတိယမြောက် Covid-19 အတည်ပြုလူနာ တွေ့ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့တွင် တတိယမြောက် Covid-19 အတည်ပြုလူနာ တွေ့ရှိ
နိုဝင်ဘာ 4, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့တွင် တတိယမြောက် Covid-19 အတည်ပြုလူနာ တွေ့ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ ညပိုင်းက မြို့တွင်းဝင်လာမည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးရာ ယာဉ်မောင်း (၁)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း သိရသည်။
"သူက နမ့်စန်နဲ့ နားကောင်းမူနဲ့ ကုန်စိမ်းတိုက်နေတာ။ (အောက်တိုဘာ)  ၂၇ ရက်နေ့တုန်းက ကျွန်တော်တို့ဂိတ်ကို တစ်ခေါက်ဖြတ်သေးတယ်။ အဲဒီတုန်းကတော့ Negative ပဲ။ အခုတစ်ခေါက်မှာ Positive ဖြစ်တာ။"ဟု မိုင်းတုံဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
ယခုပိုးတွေ့လူနာမှာ မိုင်းတုံမြို့တွင် တတိယမြောက်တွေ့ရသည့် အတည်ပြုလူနာဖြစ်ပြီး အသက် (၂၇)နှစ်အရွယ် ကျန်းမာရေးအခြေအနေကောင်းမွန်နေသည့်အတွက် မိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"သူက ည (၈)နာရီလောက်မှာ စစ်လိုက်တာမှာ တွေ့တာ။ သူ့ contact တွေကတော့ ထပ်ထွက်နိုင်ပါတယ်။ contact လိုက်နေတုန်းပဲ"ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ပြောသည်။
မိုင်းတုံမြို့တွင် ပထမဆုံး ပိုးတွေ့လူနာ ကုန်တင်ယာဉ်မောင်းမှာ မိုင်းတုံဆေးရုံ၌ ကုသမှုခံယူပြီး ဆေးရုံဆင်းသွားနို်င်ပြီဖြစ်ကာ အဆိုပါယာဉ်မောင်းအား test kit ဖြင့် စစ်ဆေးရာမှ ကူးစက်ခံရပြီး အတည်ပြုလူနာဖြစ်သွားသည့် ကျန်းမာရေးဝန်ထမ်းမှာ အခြားရောဂါအခံရှိသဖြင့် ကျိုင်းတုံဆေးရုံ၌ ကုသပေးခဲ့ရာ ဆေးရုံဆင်းသွားနိုင်ပြီဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~