ဂျပန် နှင့် ယူအေအီးနိုင်ငံတို့မှ ပြန်လာသည့် လူငယ် (၈)ဦးတွင် COVID-19 စစ်ဆေးတွေ့ရှိ

ဂျပန် နှင့် ယူအေအီးနိုင်ငံတို့မှ ပြန်လာသည့် လူငယ် (၈)ဦးတွင် COVID-19 စစ်ဆေးတွေ့ရှိ
သြဂုတ် 13, 2020
By Tachileik News Agency

ဂျပန် နှင့် ယူအေအီးနိုင်ငံတို့မှ ပြန်လာသည့် လူငယ်  (၈)ဦးတွင် COVID-19 စစ်ဆေးတွေ့ရှိ

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန အပါအဝင်  ဓါတ်ခွဲဌာန(၄)ခုမှ ဩဂုတ်လ(၁၃)ရက်နေ့၏ ပထမအသုတ်တွင် စစ်ဆေးချက်အရ ယူအေအီးနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့က ပြန်လာသည့် လူငယ်(၈)ဦးတွင် Covid-19 ပိုးတွေ့ရှိရကြောင်း သိရသည်။

Covid-19 ပိုးတွေ့ရှိရသူ (၈)ဦးတွင် အသက်(၂၁)နှစ်အရွယ် မှ အသက်(၃၃)နှစ်အရွယ်အထိ ပါဝင်ပြီး ဂျပန်နိုင်ငံက ပြန်လာသူ (၂)ဦး နှင့် ယူအေအီးနိုင်ငံမှ ပြန်လာသူ (၆)ဦးတို့ဖြစ်ကြပြီး ယူအေအီးမှ ပြန်လာသူ (၆)ဦးတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့က အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း သိရသည်။

၂၀၂၀ခုနှစ် ဩဂုတ်လ(၁၃)ရက်နေ့တွင် ကျန်းမာရေးက ပထမအသုတ်အဖြစ် ဓါတ်ခွဲနမူနာပေါင်း (၁၃၅၅)ခုကို စစ်ဆေးရာမှ (၈)ဦးတွင် ပိုးတွေ့ရှိရခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင်  Covid-19 ပိုးတွေ့ရှိရသူ စုစုပေါင်း (၃၆၉)ဦးအထိ ရှိနေပြီ ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~