တာချီလိတ်တွင် Quarantine ထားသူများနှင့် ချောင်းခိုးကူးသူများ အပါအဝင် (၅၁)ဦးကို covid-19 စစ်ဆေးရန် ဓါတ်ခွဲနမူနာများ ရယူ

တာချီလိတ်တွင် Quarantine ထားသူများနှင့် ချောင်းခိုးကူးသူများ အပါအဝင် (၅၁)ဦးကို covid-19 စစ်ဆေးရန် ဓါတ်ခွဲနမူနာများ ရယူ
ဇူလိုင် 15, 2020
By Tachileik News Agency
တာချီလိတ်တွင် Quarantine ထားသူများနှင့် ချောင်းခိုးကူးသူများ အပါအဝင် (၅၁)ဦးကို covid-19 စစ်ဆေးရန် ဓါတ်ခွဲနမူနာများ ရယူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသွားအလာကန့်သတ်ထားသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် များအပါအဝင် စုစုပေါင်း (၅၁) ဦးအား COVID 19 စစ်ဆေးရန် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့ နံနက်ပိုင်းက ဓာတ်ခွဲနမူနာရယူသည်။

“ တာချီလိတ်က Volunteer က (၆) ယောက်ပါတယ်။ Health Care Provider က (၁) ယောက်ပါတယ်။ Hospital quarantine က (၂) ယောက်၊ facility quarantine က (၄၂) ယောက်ပါတယ်။  ကျိုင်းတုံကနေ လေယာဉ်နဲ့ပို့လိုက်ပါပြီ”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာ၌ ဖွင့်လှစ်ထားသည့် quarantine center တွင် ထားရှိသည့် ဇူလိုင်လ (၈) ရက်နေ့က ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့ လွှဲပြောင်းပေးလာသူများနှင့် တာချီလိတ်ဒေသခံများအပြင် COVID 19 ဓာတ်ခွဲစစ်ဆေးရန် ဆေးရုံ၌အသွားအလာကန့်သတ်ထားသူများ၊ မယ်ဆိုင်ချောင်းကို တရားမဝင်ဖြတ်ကူးလာ၍ မိုးကုတ်ဝိပဿနာတရားရိပ်သာနှင့် ဟိုတယ်တို့တွင် အသွားအလာ ကန့်သတ်ထားသူများ၊ Quarantine Center တွင် ကူညီပေးနေသည့် ကြက်ခြေနီ (၅)ဦး၊ volunteer (၁) ဦး၊ ကျန်းမာရေးဝန်ထမ်း (၁)ဦး စုစုပေါင်း (၅၁)ဦးတို့၏ ဓာတ်ခွဲနမူနာများကို ရန်ကုန်သို့ ပို့ဆောင်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

x

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~