ကျိုင်းတုံသို့ ဩဂုတ်လ(၂၉)ရက်နေ့က မြန်မာ့လေကြောင်းဖြင့် လိုက်ပါလာသည့် ခရီးသည်များတွင် သံသယလူနာတွေ့ရှိ၍ အတူလိုက်ပါလာသည့် ခရီးသည်များအားလုံး နီးစပ်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ သတင်းပို့ရန် လိုအပ်

သြဂုတ် 31, 2020
By Tachileik News Agency

ကျိုင်းတုံသို့ ဩဂုတ်လ(၂၉)ရက်နေ့က မြန်မာ့လေကြောင်းဖြင့် လိုက်ပါလာသည့် ခရီးသည်များတွင် သံသယလူနာတွေ့ရှိ၍ အတူလိုက်ပါလာသည့် ခရီးသည်များအားလုံး နီးစပ်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ သတင်းပို့ရန်  လိုအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့က  မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် လိုက်ပါလာသူ (၂)ဦးတွင် COVID 19 သံသယလက္ခဏာတွေ့ရသဖြင့် အဆိုပါ ခရီးစဉ်ဖြင့် လိုက်ပါလာသူများ သတင်းပေးပို့ကြရန် သြဂုတ်လ (၃၁)ရက်နေ့၌ ကြေညာထားသည်။
“သြဂုတ်လ (၂၉) ရက်နေ့က မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ ရန်ကုန်ကနေလာတဲ့နှစ်ယောက်က ဒီနေ့ သူတို့မှာ အနံ့အရသာ မရဖြစ်နေတယ်ဆိုတာ လာပြောလို့ နေ့လယ် (၂)နာရီလောက်က ဆေးရုံတင်လိုက်တယ်။ သူတို့ ဓာတ်ခွဲပို့စစ်တာလုပ်မယ်။ အကယ်၍ ဓာတ်ခွဲအဖြေအရ တစ်ခုခုဆိုရင် လေယာဉ်အတူစီးလာသူတွေကို ကျန်းမာရေးစစ်ဆေးဖို့လိုမယ်။ ဒါကြောင့် သတင်းပို့ခိုင်းထားတာပါ”ဟု ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၃၁)ရက်နေ့ ညပိုင်းက ပြောသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်အမှတ် (XY-AML)  ခရီးစဉ်အမှတ် UB 277 ဖြင့် ရန်ကုန် - ဟဲဟိုး - ကျိုင်းတုံခရီးစဉ်ဖြင့် လိုက်ပါလာသူများ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံ သတင်းပေးပို့ပြီး မိမိနေအိမ်တွင် သီးသန့် အသွားအလာကန့်သတ်နေထိုင်ကြရန် ခရိုင်အုပ်ချုပ်ရေးမှူးက မေတ္တာရပ်ခံထားသည်။
Tachileik News Agency
 
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~