လူဦးရေ (၂၉) ဦးအထိ စုဝေးခွင့်ပြုထားသော်လည်း ပွဲလမ်းသဘင်၊ အခမ်းအနား ကျင်းပခွင့်မပြုသေး

လူဦးရေ (၂၉) ဦးအထိ စုဝေးခွင့်ပြုထားသော်လည်း ပွဲလမ်းသဘင်၊ အခမ်းအနား ကျင်းပခွင့်မပြုသေး
သြဂုတ် 16, 2020
By Tachileik News Agency

 

လူဦးရေ (၂၉) ဦးအထိ စုဝေးခွင့်ပြုထားသော်လည်း ပွဲလမ်းသဘင်၊ အခမ်းအနား ကျင်းပခွင့်မပြုသေး

Covid-19 ထိန်းချုပ်နိုင်ရေးအတွက် ကန့်သတ်ထားမှုများမှ  လူစုလူဝေးပြုလုပ်ခြင်းအား (၂၉) ဦးအထိ စုဝေးခွင့်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့ကစ၍ ခွင့်ပြုပေးထားသော်လည်း လူစုလူဝေး ပွဲလမ်းသဘင်၊ အခမ်းအနားများ ခွင့်ပြုထားခြင်း မရှိသေးကြောင်းသိရသည်။
“သူတို့ဖြေလျှော့တဲ့အထဲမှာ ပွဲတွေ၊ အခမ်းအနားတွေ ကျင်းပခွင့်မပါသေးဘူး။ လူဦးရေ (၂၉)ဦးအထိ စုဝေးနိုင်တယ်ဆိုပေမဲ့ ကျွန်တော်တို့ အစိုးရ၊ ဌာနဆိုင်ရာတွေ ကျင်းပတဲ့ အခမ်းအနားလိုပဲ အစည်းအဝေးလုပ်တယ်ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် (၆) ပေခြားတို့၊ Mask တပ်တာတို့၊  face shield တပ်တာတို့၊ အခန်းထဲမဝင်ခင် လက်ဆေးပြီး ကိုယ်အပူချိန်တိုင်းပြီးမှ ဝင်တာတို့၊ လူဦးရေကိုလည်း တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင်တို့ ဖိတ်ကြားဆောင်ရွက်တာမျိုးနဲ့ လုပ်ရမှာပါ”ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID 19 ကာကွယ်ရေးလုပ်ငန်းများအတွက် ခြွင်းချက်ပြုထားသည့်ကိစ္စများမှလွဲ၍ လူ (၄)ဦးထက်ကျော်လွန်၍ စုဝေးခြင်းမပြုရန် မေလ (၂၈)ရက်နေ့မှစ၍ ကန့်သတ်ထားခြင်းဖြစ်ပြီး ဇူလိုင်လ (၂၉)ရက်နေ့၌ အဆိုပါ ကန့်သတ်ချက်ကို လူ (၁၄)ဦးအထိ စုဝေးခွင့်ဖြင့် ဖြေလျော့ပေးထားခြင်းဖြစ်သည်။
ယင်းနောက် သြဂုတ်လ (၁၂)ရက်နေ့၌ လူ (၂၉)ဦးအထိ စုဝေးခွင့်ဖြင့် ထပ်မံဖြေလျှော့ပေးလာခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဖြေလျှော့ထားသော်လည်း တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာနေထိုင်ခြင်း၊ Mask တပ်ဆင်ခြင်း၊ Face Shield တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းစသည့် လိုက်နာရမည့် အချက်များကို လိုက်နာကြရမည်ဖြစ်ကြောင်း သိရသည်။
သြဂုတ်လ (၃၁)ရက်နေ့အထိ ထပ်တိုးထားသည့် COVID 19 ကာကွယ်ရေးနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်၊ ကြေညာချက်၊ ဒေသန္တရအမိန့်၊ ညွှန်ကြားချက်၊ အမိန့်များအား လိုက်နာရန်ပျက်ကွက်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~