တာချီလိတ်မြို့ရှိ ဘုရင့်နောင်ပုဂ္ဂလိကဈေးက COVID-19 ကာကွယ်ရေးကာလအတွင်း ဈေးသည်များ အဆင်ပြေရန်အတွက် ဆိုင်ခန်းလစာများ ဈေးလျှော့ပေးထား

တာချီလိတ်မြို့ရှိ ဘုရင့်နောင်ပုဂ္ဂလိကဈေးက COVID-19 ကာကွယ်ရေးကာလအတွင်း ဈေးသည်များ အဆင်ပြေရန်အတွက် ဆိုင်ခန်းလစာများ ဈေးလျှော့ပေးထား
ဧပြီ 3, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ ဘုရင့်နောင်ပုဂ္ဂလိကဈေးက COVID-19 ကာကွယ်ရေးကာလအတွင်း ဈေးသည်များ အဆင်ပြေရန်အတွက် ဆိုင်ခန်းလစာများ ဈေးလျှော့ပေးထား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ဘုရင့်နောင်ပုဂ္ဂလိကဈေးက ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ၎င်းတို့၏ ဈေးသည်များအား အဆင်ပြေစေရေး အတွက် ဆိုင်ခန်းငှားခများကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကာလအပြီးအထိ လျှော့ပေးလိုက်ကြောင်း သိရသည်။

"ဒီ COVID-19 ကြောင့် အသွားအလာ ခက်ခဲတာကြောင့် စီးပွားရေးကျနေတဲ့အချိန်မှာ ကျွန်တော်တို့ တတ်နိုင်သလောက် လျှော့ပေးနေတာပါ၊ နောက်လည်း အခြေအနေကြည့်ပြီး ထပ်လျှော့ရင် ထပ်လျှော့ဦးမှာပါ"ဟု ဘုရင့်နောင်ပုဂ္ဂလိကဈေး ပိုင်ရှင်ဖြစ်သူ ဦးထွန်းနေဦးက  တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၃)ရက်နေ့တွင် ပြောသည်။

ဘုရင့်နောင်ပုဂ္ဂလိကဈေးရှိ ဘတ်(၁၅,၀၀၀)တန် ဆိုင်ခန်းကို ဘတ်(၁၂,၀၀၀)၊ ဘတ်(၁၀,၀၀၀)တန် ဆိုင်ခန်းကို  ဘတ်(၈,၀၀၀)၊ ဘတ်(၉,၀၀၀)တန် ဆိုင်ခန်းကို (၇,၅၀၀)ဘတ်၊ ဘတ်(၆,၀၀၀)တန် ဆိုင်ခန်းကို (၄,၈၀၀) ဘတ်၊ ဘတ်(၅,၀၀၀)တန် ဆိုင်ခန်းကို ဘတ်(၄,၀၀၀)၊ ဘတ်(၃,၅၀၀)တန် ဆိုင်ခန်းအား ဘတ်(၃,၀၀၀)၊ ဘတ်(၂,၃၀၀)တန် ဆိုင်ခန်းအား (၁,၈၀၀)ဘတ် နှင့် ဘတ်(၂,၀၀၀)တန် ဆိုင်ခန်းအား ဘတ်(၁,၅၀၀)အဖြစ်သာ အသီးသီးလျှော့ပေါ့ ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။

"အခုလို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကာလအတွင်းမှာ ကျွန်မတို့ဈေးက ဈေးသည်တွေလည်း အဆင်ပြေအောင်လို့ ဗိုင်းရပ်စ်ကာကွယ်ရေးကာလအထိ အခန်းငှားတွေကို လျှော့ပေးသွားမှာပါ"ဟု ဘုရင့်နောင်ပုဂ္ဂလိကဈေး တာဝန်ခံ ဒေါ်ရွှေစင်ခက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆိုင်ခန်းခများကို ယင်းသို့ လျှော့ပေးလိုက်သည့် အတွက် ဘတ်(၁၅,၀၀၀)တန်ဆိုင်ခန်း အနေဖြင့် ဘတ် (၃,၀၀၀)၊ ဘတ်(၁၀,၀၀၀)တန် ဆိုင်ခန်းအနေဖြင့် ဘတ်(၂,၀၀၀)၊ ဘတ်(၉,၀၀၀)တန် ဆိုင်ခန်းအနေဖြင့် ဘတ် (၁,၅၀၀)၊ ဘတ်(၆,၀၀၀)တန် ဆိုင်ခန်းအနေဖြင့် ဘတ်(၁,၅၀၀)၊ ဘတ် (၅,၀၀၀)တန် ဆိုင်ခန်းအနေဖြင့် ဘတ် (၁,၀၀၀)၊ ဘတ်(၄,၀၀၀)တန် ဆိုင်ခန်းအနေဖြင့်  ဘတ်(၁,၀၀၀)၊ ဘတ် (၃,၅၀၀)တန် ဆိုင်ခန်းအနေဖြင့် ဘတ် (၅၀၀)၊ ဘတ် (၂,၃၀၀)တန်ဆိုင်ခန်းအနေဖြင့် ဘတ် (၅၀၀)နှင့် ဘတ် (၂,၀၀၀)တန် ဆိုင်ခန်းအနေဖြင့် ဘတ် (၅၀၀) အသီးသီး သက်သာသွားမည်ဖြစ်သည်။

"အခုလို အခက်အခဲဖြစ်နေတဲ့ ကာလမှာ ဈေးလျှော့ပေးတော့ တကယ်ကို ဝမ်းသာတာပေါ့ရှင်၊ ကျေးဇူးလည်း တကယ်တင်ပါတယ်"ဟု ဘုရင့်နောင်ပုဂ္ဂလိကဈေးမှ ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

ဘုရင့်နောင်ပုဂ္ဂလိကဈေးသည် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း၌ တည်ရှိသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဒေသတွင်းနေသူများမှ အဓိက အားထားရသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား ပိတ်ထားသည့်အပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင်များ ရပ်နားထားရသည်များနှင့် စားသောက်ဆိုင် လုပ်ငန်းများ အားလုံးနီးပါး ယာယီပိတ်ထားရသည်များ ရှိသည့်အတွက် တာချီလိတ်တွင် နေအိမ် အခန်းငှားများဖြင့် နေသူများ နှင့် ဆိုင်ခန်းငှားသူများမှ အခက်အခဲများနှင့် ကြုံတွေ့နေရသည့် အတွက် ယခုလို အချို့သော နေအိမ်အခန်းနှင့် ဆိုင်ခန်းငှား ပိုင်ရှင်များမှ လျှော့ပေါ့ကောက်ခံပေးမှုများရှိလာကြောင်း သိရှိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~