မြန်မာ - လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက လှူဒါန်းသည့် ဝန်ထမ်းအိမ်ယာများ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်

မြန်မာ - လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက လှူဒါန်းသည့် ဝန်ထမ်းအိမ်ယာများ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်
ဖေဖော်ဝါရီ 29, 2020
By Tachileik News Agency
မြန်မာ - လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက လှူဒါန်းသည့် ဝန်ထမ်းအိမ်ယာများ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်

မြန်မာ - လာအို နယ်စပ်ဒေသ ကျိုင်းလပ်မြို့ရှိ ပညာရေးဝန်ထမ်းများအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ကျပ်သန်း (၃၄၀)ကျော်ဖြင့် ဆောက်လုပ်လှူဒါန်းသည့် ဝန်ထမ်းအိမ်ယာသစ်များကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးသည်။

“ဆရာ၊ဆရာမများသည် မိဘတွေနဲ့ ပူးပေါင်းပြီးတော့ ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ ကလေးတွေ သင်ယူတတ်မြောက်အောင် ပူးပေါင်းဆောင်ရွက်ပေးဖို့ အရေးကြီးပါတယ်”ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဖွင့်ပွဲမိန့်ခွန်းတွင် ပြောကြားသွားသည်။

ကျိုင်းလပ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ဝမ်နတ်)တွင် (၈) ခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ယာကို ကျပ်သန်း (၂၄၄.၄၆) သန်းဖြင့် လည်းကောင်း၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်လုံ)တွင် (၃) ခန်းတွဲ (၂) ထပ်ဝန်ထမ်းအိမ်ရာကို ကျပ်သန်း (၁၀၀.၁၄) ဖြင့်လည်းကောင်း နဂါးနှစ်ကောင်သတ္တုကုမ္ပဏီ၊ ဟိန်းကောင်းဆက် သတ္တုကုမ္ပဏီနှင့် ရှမ်းအရှေ့ရွှေဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီတို့၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ခင်နှင့်မိသားစုက ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

" အလှူရှင်မိသားစုရဲ့ ကုသိုလ်ကြောင့် ရပ်ဝေးက တာဝန်ထမ်းဆောင်ကြတဲ့ ဆရာ၊ ဆရာမများ အဆင်ပြေစိတ်ချမ်းသာစွာ နိုင်ငံ့တာဝန်ထမ်းဆောင်နိုင်မယ်။ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် အဲဒါရဲ့ နောက်ဆက်တွဲအဖြစ် ဒေသခံတွေရဲ့ စီးပွားရေးတိုးတက်ခြင်း၊ တရားဥပဒေစိုးမိုးမှုအားကောင်းခြင်းနဲ့ နိုင်ငံရေးတည်ငြိမ်ခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ ရလဒ်တွေရဖို့ရာအတွက် သွယ်ဝိုက်ပြီးအကျိုးပြုစေမှာပဲ ဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။     

အဆိုပါ ကျောင်းဆောင်သစ်လွှဲပြောင်းပေးသည့်အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ် နှင့် လွှတ်တော်ကိုယ်စားလှယ်များ ခရိုင်၊မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်သား ကျောင်းသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

Tachileik News Agency
သတင်း -  ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~