နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံနိုင်မည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အသက် (၁၄) အောက် ဘောလုံးအသင်းအတွက် တာချီလိတ်တွင် လူရွေးပွဲ ကျင်းပမည်

နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံနိုင်မည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အသက် (၁၄) အောက် ဘောလုံးအသင်းအတွက် တာချီလိတ်တွင် လူရွေးပွဲ ကျင်းပမည်
ဇူလိုင် 26, 2020
By Tachileik News Agency
နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံနိုင်မည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အသက် (၁၄) အောက်  ဘောလုံးအသင်းအတွက် တာချီလိတ်တွင် လူရွေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံ လက်ရွေးစင်ဘောလုံးသမားအဖြစ် ရွေးချယ်ခံနိုင်ခွင့်ရှိမည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အသက် (၁၄) နှစ်အောက် ဘောလုံးအသင်းဖွဲ့စည်းနိုင်ရန်အတွက် လူရွေးချယ်ပွဲကို ၂၀၂၀ ခုနှစ် သြဂုတ်လ (၉) ရက်နေ့တွင် တာချီလိတ်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်ပြောချင်တာက ဒီဘောလုံးပြိုင်ပွဲက မြို့နယ်အတွက် မဟုတ်ပါဘူး။ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက်လည်း ဘောင်ကျဉ်းပါသေးတယ်။ ဒါတွေက တစ်ချိန်မှာ မြန်မာ့လက်ရွေးစင် ပေါ်ပေါက်ဖို့အတွက် အဓိကပါ။ ဒါကြောင့် မြို့နယ်တိုင်းက ကလေးတွေ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းက ကလေးတွေ အားလုံးဒီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကိုသိရင် မိမိတို့သက်ဆိုင်ရာ မြို့နယ်တွေမှာ စာရင်းပေးပြီးတော့ ဝင်ရောက်အရွေးချယ်ခံစေချင်ပါတယ်။ မိမိရဲ့အခွင့်အရေး မဆုံးရှုံးရအောင်ဝင်ပြီး အရွေးချယ်ခံစေချင်ပါတယ်

ဟု တာချီလိတ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ် (၉) မြို့နယ်အနက် (၅) မြို့နယ်တွင်  ဘောလုံးအဖွဲ့ချုပ်များဖွဲ့စည်းထားခြင်းဖြစ်သော်လည်း (၉)မြို့နယ်လုံးမှ စိတ်ဝင်စားသည့်လူငယ်များ လာရောက်ရွေးချယ်ခံယူနိုင်ပြီး နေထိုင်စားသောက်စရိတ်များကို ကော်မတီမှ ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်တွေကနေ တကယ့်ကိုအရည်အချင်းရှိတဲ့ကလေးတွေ လာကြမယ်ဆိုရင် သူတို့ရဲ့ကုန်ကျစရိတ်ကို သက်ဆိုင်ရာမြို့နယ်တွေက ကုန်ကျခံရမှာဖြစ်ပါတယ်။ ရွေးချယ်ပြီးတဲ့အချိန်မှာ ကုန်ကျစရိတ်ကို တာချီလိတ်မြို့ ဘောလုံးအဖွဲ့ချုပ်က ကျခံပေးသွားမှာဖြစ်ပါတယ်။ တကယ်လို့ အဲဒီကလေးတွေ ပညာရေးမဆုံးရူံးရအောင် Camp သွင်းတဲ့အချိန်မှာ သူတို့ရဲ့ ကျောင်းပြောင်းလက်မှတ်ကို သက်ဆိုင်ရာကျောင်းတွေကနေယူခဲ့ရမှာဖြစ်ပါတယ်။ ဒီမှာ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှာ စာရင်းသွင်းပြီး စာသင်ကြားပေးမှာဖြစ်ပါတယ်။ ဘောလုံးပွဲပြီးတဲ့အခါမှာ ကျောင်းပြောင်းလက်မှတ်ကို ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်

ဟု တာချီလိတ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝင်ရောက်အရွေးချယ်ခံလိုသူများအနေဖြင့် သြဂုတ်လ (၃) ရက်နေ့ထက်နောက်မကျစေပဲ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း အသက် (၁၄) နှစ်အောက် ဘောလုံးအသင်းဖွဲ့စည်းနိုင်ရေးအတွက် ကျိုင်းတုံမြို့နယ်၊ မိုင်းဆက်မြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်နှင့် တာချီလိတ်မြို့နယ်မှ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့ နေ့လယ်ပိုင်းတွင် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး ‘ရှမ်းပြည်နယ်(အရှေ့ပိုင်း) အသက် (၁၄) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်နိုင်ရေးကော်မတီ(ယာယီ)’ကို ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အသက် (၁၄) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပရန်ရည်ရွယ်ထားပြီး လက်ရှိ COVID-19 ကာလကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲကျင်းပရန်အတွက် ရန်ကုန်ဇုန်၊ ပုသိမ်ဇုန်၊ မန္တလေးဇုန်နှင့် ရှမ်းပြည်နယ်ဇုန်အဖြစ် ဇုန် (၄) ဇုန်သတ်မှတ်ထားပြီး ဇုန်အလိုက် အသင်း (၆) သင်းစီဖြင့် (၂၄) သင်းပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ရှမ်းပြည်နယ်ဇုန်တွင် ရှမ်း(အရှေ့)၊ ရှမ်း(တောင်)၊ ရှမ်း(မြောက်)၊ ကယားပြည်နယ်မှ အသင်း (၂) သင်း၊ ကချင်ပြည်နယ်မှ (၁) သင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~