တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှု ဒီဇင်ဘာလ(၄)ရက်နေ့ ညပိုင်းအထိ အခြေအနေ

တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှု ဒီဇင်ဘာလ(၄)ရက်နေ့ ညပိုင်းအထိ အခြေအနေ
ဒီဇင်ဘာ 4, 2020
By Tachileik News Agency
 
တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှု ဒီဇင်ဘာလ(၄)ရက်နေ့ ညပိုင်းအထိ အခြေအနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ် ရပ်ကွက် (၁၁)ရပ်ကွက်အနက် (၁၀)ရပ်ကွက်တွင် Covid-19 တွေ့ရပြီး ဒေသတွင်း ကူးစက်မှုအဖြစ် (၅၈)ဦး ရှိကာ  အခြားဒေသမှ လာသူ အပါအဝင် စုစုပေါင်း (၆၆)ဦးအထိ ရှိနေသည်။

တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့က စ၍ ဒီဇင်ဘာလ(၄)ရက်နေ့အထိ (၁၀)ရက်ကျော်အတွင်း Covid-19 အတည်ပြုလူနာ (၆၆)ဦးထိရှိရာတွင် အခြားဒေသမှ လာသည့် (၈)ဦး၌ Covid-19 ပိုးတွေ့ရခြင်း ဖြစ်သည်။

တာချီလိတ်မြို့၏ ဒေသတွင်း ကူးစက်မှု (၅၈)ဦးတွင် အသက်အငယ်ဆုံးအဖြစ် အသက် (၉)နှစ်အရွယ် နှင့် (၂)နှစ်အရွယ် ကလေး(၂)ဦး ပါဝင်သည်။

တာချီလိတ်မြို့၏ အတည်ပြုလူနာစုစုပေါင်း (၆၆)ဦးအနက် (၁)ဦးမှာ ဒီဇင်ဘာလ(၂)ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ရသွား၍ လက်ရှိတွင် ကုသမှု ခံယူနေသူ (၆၅)ဦးကျန်ရှိသည်။ 
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~