ခရီးသည်ယာဉ်လိုင်း (၇) ခုရှိသည့် မိုင်းဆတ်မြို့၌ ပုဂ္ဂလိကယာဉ်များကြီးကြပ်ရေးကော်မတီက ရုံးခန်းဖွင့်လှစ် ကြီးကြပ်မှုစတင်

ခရီးသည်ယာဉ်လိုင်း (၇) ခုရှိသည့် မိုင်းဆတ်မြို့၌ ပုဂ္ဂလိကယာဉ်များကြီးကြပ်ရေးကော်မတီက ရုံးခန်းဖွင့်လှစ် ကြီးကြပ်မှုစတင်
ဇူလိုင် 30, 2020
By 🌸
ခရီးသည်ယာဉ်လိုင်း (၇) ခုရှိသည့် မိုင်းဆတ်မြို့၌ ပုဂ္ဂလိကယာဉ်များကြီးကြပ်ရေးကော်မတီက ရုံးခန်းဖွင့်လှစ် ကြီးကြပ်မှုစတင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ပုဂ္ဂလိက စနစ်တကျပြေးဆွဲနိုင်ရေးအတွက် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့တွင် မြို့နယ်ပုဂ္ဂလိကယာဉ်များ ကြီးကြပ်ရေးကော်မတီရုံးသစ်ကို မြို့မဈေးအနီး၌ စတင်ဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်နေပြီဖြစ်သည်။

"ဒီကော်မတီကို ရှမ်းပြည်နယ်ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးနည်aးဥပဒေနဲ့အညီ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကနေ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ အဖွဲ့ဝင်(၅)ဦးနဲ့ ဖွဲ့စည်းပေးခဲ့ပါတယ်။
COVID-19 ကာလဖြစ်နေတော့ ရုံးဖွင့်လှစ်ခြင်း၊ လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် လိုင်မဲ့ကားတွေ၊ နံပါတ်အနက်ကားတွေနဲ့ ခရီးသည်နဲ့ကုန်စည်ပို့ဆောင်သူတွေနဲ့ ယာဉ်လိုင်းအချို့ ပြဿနာဖြစ်တာတွေရှိ ခဲ့ပါတယ်။ အခု ရုံးဖွင့်လှစ်ပြီးပြီဆိုတော့ ဩဂုတ်လ (၁) ရက်နေ့ကစပြီး လုပ်ငန်းများဆောင်ရွက်သွားမှာဖြစ် ပါတယ်" 

ဟု မြို့နယ်ပုဂ္ဂလိကယာဉ်များကြီးကြပ်ရေးကော်တီ ဥက္ကဌ ဦးဉာဏ်လင်းအောင်ကပြောသည်။

အဆိုပါ ကော်မတီသည် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ဘဝတိုးတက်စေရန် ကြံ ဆဆောင်ရွက်ရေး၊ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ခနှုန်းထားများကို အခါအားလျော်စွာ သင့်လျော်သည့်နှုန်း ထားသတ်မှတ်ပေးနိုင်ရေး၊ မော်တော်ယာဉ်လုပ်ငန်းလုပ်ကိုင်လိုသော ပုဂ္ဂိုလ်နှင့်အသင်းအား ကော်မတီတွင် မှတ်ပုံတင်၍ လုပ်ငန်းလုပ်ကိုင်စေရေး၊ နည်းဥပဒေနှင့်အညီ အဖွဲ့လိုက်ကွင်းဆင်းစစ်ဆေးအရေးယူခြင်း၊ ယာဉ်အသင်းနှင့် ကုန်စည်ဂိတ်များထံမှ သတ်မှတ်ထားသောမှတ်ပုံတင်ကြေးကောက်ခံခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရန်ပျက်ကွက်သော ယာဉ်အသင်း၊ ကုန်ဂိတ်နှင့်ယာဉ်များကို သတ်မှတ်ထားသော ဒဏ်ကြေးကောက်ခံခြင်း စသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။

" မိုင်းဆတ်မြို့မှာ ခရီးသည်ယာဉ်လိုင်း(၇)ခုရှိပါတယ်။ မြို့တွင်းကထွက်ခွာမယ့် ယာဉ်တွေက ကျွန်တော်တို့ရုံးမှာ ထွက်ခွာမှုသတင်းပို့ပြီး စည်းကြပ်ခပြေစာတောင်းယူရမှာပါ။ ယာဉ်စည်းကြပ်ခက ကားငယ် ကျပ် (၂၀၀ဝ)၊  ကားလတ်(၆)ဘီးငယ်ကျပ် (၃၀၀ဝ)၊ ကားလတ်(၆)ဘီးကြီးကျပ် (၄၀၀ဝ)၊ (၁၀)ဘီးကား ကျပ်- (၅၀၀ဝ) နဲ့ (၁၂)ဘီးကားကျပ် (၇၀၀ဝ) ဖြစ်ပါတယ်။ အပြင်က ဝင်လာတဲ့ယာဉ်တွေကတော့ မြို့ဝင်ဂိတ်မှာ ဖြတ်ပိုင်းယူပြီး မြို့ထွက်ဂိတ်မှာ ပြသရမှာဖြစ်ပါတယ်" 

ဟု ကြီးကြပ်ရေးကော်မတီဝင် ကိုမင်းသူရက ပြောသည်။

အဆိုပါ ပုဂ္ဂလိကယာဉ်များ ကြီးကြပ်ရေးကော်မတီရုံးသစ်ဖွင့်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းဝင်းနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်တို့အပြင် မြို့နယ်ပုဂ္ဂလိကယာဉ်များ ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးဉာဏ်လင်းအောင်တို့နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ -သန်းဇော်(မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~