တာချီလိတ်မြို့ရှိ ပြည်ခိုင်ဖြိုးရုံးကို သေနတ်ဖြင့် (၁၀)ချက် ဝန်းကျင် ပစ်ခတ်

တာချီလိတ်မြို့ရှိ ပြည်ခိုင်ဖြိုးရုံးကို သေနတ်ဖြင့် (၁၀)ချက် ဝန်းကျင် ပစ်ခတ်

တာချီလိတ်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့ ၂၀၂၂ခုနှစ် မေလ(၅)ရက်နေ့အကူး နံနက်(၂)နာရီကျော်အချိန်က သေနတ်ပစ်ခတ်သံများ ကြားရကြောင်း သိရသည်။



"နံနက် (၂)နာရီလောက်က ကြံ့ခိုင်ရေးရုံးဘက်ကို သေနတ်နဲ့ ပစ်သံကြားလိုက်တယ်။ (၁၀)ချက်လောက်ရှိတယ် ဆက်တိုက်ကြားရတာ။ အဲ့ရုံးမှာက များသောအားဖြင့် ညဖက်ဆိုရင် ရုံးအစောင့်ပဲရှိတယ်။ ပါတီရဲ့ ခရိုင် ဥက္ကဌ ဦးဘိုစံက အဲ့မှာ မနေဘူး။ ဒီကာလမှာက သူ့ရဲ့ မေတ္တာရှင်အသင်း နဲ့  Covid-19 စင်တာမှာ အလုပ်များနေတာ များတယ်။  ဘယ်သူတွေ ထိလည်း မထိလည်းဆိုတာတော့ မသိသေးဘူး"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် မေလ(၄)ရက်နေ့ ည(၉)နာရီအချိန်ကလည်း ဝမ်ကောင်းရပ်ကွက် အားခေရွာတွင်း  စစ်တပ်နှင့်နီးစပ်သည့် လုပ်ငန်းရှင်တစ်ဦးနှင့် ပတ်သက်သော အမျိုးသမီးတစ်ဦး၏ နေအိမ်သေနတ်ဖြင့် (၁၀)ချက်အထက် ပစ်ခတ်ခံရမှုလည်း ဖြစ်ပွားခဲ့သလို ယနေ့ မေလ(၅)ရက်နေ့ အကူးပိုင်းတွင်လည်း ပြည်ခိုင်ဖြိုးရုံးတွင် ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုများကို မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။