မြဝတီ - မဲဆောက်အကြား မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားအောက်တိုဘာလ(၃၀)ရက်နေ့တွင် ဖွင့်လှစ်မည်

မြဝတီ - မဲဆောက်အကြား မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားအောက်တိုဘာလ(၃၀)ရက်နေ့တွင် ဖွင့်လှစ်မည်
အောက်တိုဘာ 16, 2019
By Tachileik News Agency
မြဝတီ - မဲဆောက်အကြား မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားအောက်တိုဘာလ(၃၀)ရက်နေ့တွင် ဖွင့်လှစ်မည်

ကရင်ပြည်နယ် မြဝတီနှင့် ထိုင်းနိုင်ငံ မဲဆောက်ကိုဆက်သွယ်မည့် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ် (၂)ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။

အဆိုပါ တံတားသစ်ဖွင့်ပွဲကို မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ထိုင်းနိုင်ငံမှ ပို့ဆောင်ရေးဝန်ကြီးတို့ ဆတ်ဆာရမ်ချဒ်ချော့ဘ်တို့ တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။

တံတားသစ်ဖွင့်ပွဲနှင့်အတူ ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်ခရိုင်ရှိ ဘမ့်ဝမ်တာ့ဟမ်းတိုင် နယ်စပ်စစ်ဆေးရေးဂိတ်ကိုပါ ဖွင့်လှစ်မည်ဖြစ်သည်။

မြန်မာ - ထိုင်းနယ်စပ်ကုန်သွယ်ရေး၏ အဓိကကုန်သွယ်လမ်းကြောင်းဖြစ်သည့် မြဝတီ - မဲဆောက်တွင် နယ်စပ်တံတားသစ်ကို ထပ်တိုးဖွင့်လှစ်လိုက်ခြင်းဖြင့် မြန်မာနှင့်ကုန်သွယ်မှုပမာဏကို ၂၀၂၀ ခုနှစ်တွင် ဘတ် ဘီလျံ (၁၀၀)အထိ တိုးမြှင့်နိုင်ရန် ထိုင်းနိုင်ငံဘက်က မျှော်မှန်းထားသည်ဟု သိရသည်။

မြဝတီ - မဲဆောက် နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် အများဆုံးတင်သွင်းနေရသည့် ကုန်စည်များမှာ အားဖြည့်အချိုရည်များ၊ ဆိုင်ကယ်၊ စက်သုံးဆီ၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ကွမ်းသီးခြောက်များ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source: Bangkok Post



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ျမဝတီ - မဲေဆာက္အၾကား ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတား
 ေအာက္တိုဘာလ(၃၀)ရက္ေန႔တြင္ ဖြင့္လွစ္မည္

ကရင္ျပည္နယ္ ျမဝတီႏွင့္ ထုိင္းႏိုင္ငံ မဲေဆာက္ကိုဆက္သြယ္မည့္ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးအမွတ္ (၂)ကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၃၀)ရက္ေန႔တြင္ ဖြင့္လွစ္ေတာ့မည္ျဖစ္သည္။

အဆိုပါ တံတားသစ္ဖြင့္ပြဲကို ျမန္မာႏုိင္ငံမွ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္ႏွင့္ ထုိင္းနိုင္ငံမွ ပို႔ေဆာင္ေရးဝန္ႀကီးတို႔  ဆတ္ဆာရမ္ခ်ဒ္ေခ်ာ့ဘ္တို႔ တက္ေရာက္ဖြယ္ရိွေၾကာင္း သိရသည္။
တံတားသစ္ဖြင့္ပြဲႏွင့္အတူ ထုိင္းႏိုင္ငံဘက္ျခမ္း မဲေဆာက္ခရိုင္ရိွ ဘမ့္ဝမ္တာ့ဟမ္းတုိင္ နယ္စပ္စစ္ေဆးေရးဂိတ္ကိုပါ ဖြင့္လွစ္မည္ျဖစ္သည္။

ျမန္မာ - ထုိင္းနယ္စပ္ကုန္သြယ္ေရး၏ အဓိကကုန္သြယ္လမ္းေၾကာင္းျဖစ္သည့္ ျမဝတီ - မဲေဆာက္တြင္ နယ္စပ္တံတားသစ္ကို ထပ္တိုးဖြင့္လွစ္လုိက္ျခင္းျဖင့္ ျမန္မာႏွင့္ကုန္သြယ္မႈပမာဏကို ၂၀၂၀ ခုႏွစ္တြင္ ဘတ္ ဘီလ်ံ (၁၀၀)အထိ တိုးျမႇင့္ႏုိင္ရန္ ထုိင္းႏုိင္ငံဘက္က ေမွ်ာ္မွန္းထားသည္ဟု သိရသည္။

ျမဝတီ - မဲေဆာက္ နယ္စပ္ကုန္သြယ္ေရးမွတစ္ဆင့္ အမ်ားဆံုးတင္သြင္းေနရသည့္ ကုန္စည္မ်ားမွာ အားျဖည့္အခ်ိဳရည္မ်ား၊ ဆုိင္ကယ္၊ စက္သံုးဆီ၊ မိုဘုိင္းဖုန္းႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ ကြမ္းသီးေျခာက္မ်ား ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Source: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net