မြန်မာ - ထိုင်းနယ်စပ်ကို တရားမဝင် ကျော်ဖြတ်သည့် မြန်မာ (၁၈)ဦးနှင့် ကူညီပေးသည့် ထိုင်း (၁)ဦးတို့ကို ကန်ချနဘူရီတွင် ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ကို တရားမဝင် ကျော်ဖြတ်သည့် မြန်မာ (၁၈)ဦးနှင့် ကူညီပေးသည့် ထိုင်း (၁)ဦးတို့ကို ကန်ချနဘူရီတွင် ဖမ်းမိ
ဇူလိုင် 22, 2020
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ကို တရားမဝင် ကျော်ဖြတ်သည့် မြန်မာ (၁၈)ဦးနှင့် ကူညီပေးသည့် ထိုင်း (၁)ဦးတို့ကို ကန်ချနဘူရီတွင် ဖမ်းမိ

မြန်မာနိုင်ငံနှင့်နယ်စပ် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ ဆန်ခလဘူရီမြို့နယ်အတွင်းသို့ ထိုင်းလမ်းညွှန်အမျိုးသမီး အကူအညီဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသည့် မြန်မာနိုင်ငံသား (၁၈)ဦးကို ထိုင်းနယ်စပ်လုံခြုံရေးအဖွဲ့က ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၌ ဖမ်းမိကြောင်း သိရသည်။

နယ်စပ်ဖြတ်လာသူများကို မြန်မာ - ထိုင်းနယ်စပ် ရာဘာခြံအတွင်း၌ ညနေ (၅)နာရီဝန်းကျင်အချိန်တွင် ဖမ်းမိခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများကို နယ်စပ်ဖြတ်သန်းဝင်ရောက်ရန် ကူညီပေးသည့် အသက် (၄၉)နှစ်အရွယ် ထိုင်းနိုင်ငံသူကိုပါ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် ဝင်ရောက်လာသူများကို ငါးဖမ်းသူများ အသွင်ယူထားသည့် နယ်စပ်လုံခြုံရေးအတွက် စေတနာ့ဝန်ထမ်းလုပ်နေသည့် ဒေသအုပ်ချုပ်ရေးအဖွဲ့က ဖမ်းမိပြီးနောက် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်မှ ဖြတ်ကူးနိုင်ရန်အတွက် မြန်မာနိုင်ငံသားများမှာ တစ်ဦးလျှင် ဘတ်ငွေ (၇၅၀၀)စီပေးခဲ့ရခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် လာရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ  မြန်မာနိုင်ငံသား (၁၈)ဦးမှာ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူခံရမည်ဖြစ်ပြီး နယ်စပ်မှ ခိုးဝင်ရန် ကူညီသည့် ထိုင်းနိုင်ငံသူများ နိုင်ငံခြားသားများအား တရားမဝင် ဝင်ရောက်မှုကို အားပေးကူညီမှု၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် တားမြစ်ချက်ကို ချိုးဖေါက်မှုတို့ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source: Bangkok Post


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~