တရုတ်နိုင်ငံသားခရီးသည် (၁၁)ဦးတွင် covid-19 ပိုးတွေ့ရ၍ တရုတ်နိုင်ငံက ထိုင်းလေကြောင်းနှစ်ခုကို ပျံသန်းခွင့် (၇)ရက်ပိတ်ပင်

တရုတ်နိုင်ငံသားခရီးသည် (၁၁)ဦးတွင် covid-19 ပိုးတွေ့ရ၍ တရုတ်နိုင်ငံက ထိုင်းလေကြောင်းနှစ်ခုကို ပျံသန်းခွင့် (၇)ရက်ပိတ်ပင်
ဇူလိုင် 17, 2020
By Tachileik News Agency

တရုတ်နိုင်ငံသားခရီးသည် (၁၁)ဦးတွင် covid-19 ပိုးတွေ့ရ၍ တရုတ်နိုင်ငံက ထိုင်းလေကြောင်းနှစ်ခုကို ပျံသန်းခွင့် (၇)ရက်ပိတ်ပင်

နိုင်ငံခြားရောက် တရုတ်နိုင်ငံသားများအတွက် တရုတ်နိုင်ငံခရီးစဉ် ပျံသန်းပေးသည့် ထိုင်းလေကြောင်းလိုင်းနှစ်ခု၏ ခရီးစဉ်တွင် Covid-19 ကူးစက်ခံရသူ (၁၁)ဦးတွေ့ရှိရသည့်အတွက် တရုတ်နိုင်ငံက ပျံသန်းခွင့် (၇) ရက်ပိတ်ပင်လိုက်ကြောင်း သိရသည်။

မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံခရီးစဉ်အဖြစ် ပျံသန်းပေးသည့် ထိုင်းလေကြောင်းလိုင်းနှစ်ခုဖြစ်သည့် Thai Air Asia X နှင့် Thai Lion Air လေကြောင်းလိုင်းများ တရုတ်ပြည်မကြီးသို့ ပျံသန်းခွင့်အား ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့မှ (၂၇)ရက်နေ့အထိ တရုတ်နိုင်ငံဘက်က ပိတ်လိုက်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ဒွန်မောင်းမှ တရုတ်နိုင်ငံ တီရင်ကျန်းသို့ ပျံသန်းသည့် Air Asia ၏ ခရီးစဉ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် (၅)ဦးတွင် COVID 19 ပိုးတွေ့ရပြီး ဘန်ကောက်မှ ရှန်ဒေါင်းသို့ ပျံသန်းသည့် Thai Lion Air ခရီးစဉ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် (၆)ဦးတွင် COVID 19 ပိုးတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းခရီးစဉ်များမှာ ဇူလိုင်လ (၇)ရက်နေ့တွင် ပျံသန်းခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတို့မှ တရုတ်နိုင်ငံသားများ ပြန်လည်ခေါ်ဆောင်ပြီး ထိုင်းနိုင်ငံတွင် ခရီးတထောက်နားခြင်းသာဖြစ်ပြီး ရပ်နားစဉ်အတွင်း အဆိုပါခရီးသည်များ လေဆိပ်အတွင်း ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

Tachileik News Agency
Source: The Nation


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~