တာချီလိတ်မြို့တွင် အမှတ်(၂)တံတားမှ စ၍ မိုင်းဖုန်း နှင့် မိုင်းကိုးကျေးရွာအုပ်စုများအထိ ဇူလိုင်လ(၁၂)ရက်နေ့၌ လျှပ်စစ်မီး တစ်နေကုန်နီးပါး ပြတ်တောက်မည်

တာချီလိတ်မြို့တွင် အမှတ်(၂)တံတားမှ စ၍ မိုင်းဖုန်း နှင့် မိုင်းကိုးကျေးရွာအုပ်စုများအထိ ဇူလိုင်လ(၁၂)ရက်နေ့၌ လျှပ်စစ်မီး တစ်နေကုန်နီးပါး ပြတ်တောက်မည်
ဇူလိုင် 11, 2020
By Tachileik News Agency
 တာချီလိတ်မြို့တွင် အမှတ်(၂)တံတားမှ စ၍ မိုင်းဖုန်း နှင့် မိုင်းကိုးကျေးရွာအုပ်စုများအထိ  ဇူလိုင်လ(၁၂)ရက်နေ့၌ လျှပ်စစ်မီး  တစ်နေကုန်နီးပါး  ပြတ်တောက်မည်

တာချီလိတ်မြို့အပြင် ကျိုင်းတုံအထွက် မီးပွိုင့်လမ်းဆုံအား အလွတ်သွားလမ်းအဖြစ် တိုးချဲ့ဆောင်ရွက်နေသည့်အတွက် လမ်းဧရိယာနှင့်မလွတ်ကင်းသည့် မီးတိုင်များကို ရွှေ့ပြောင်းဆောင်ရွက်မည်ဖြစ်သည့်အတွက် ချစ်ကြည်ရေး အမှတ်(၂)တံတားမှ စ၍ မြို့ပြင် ရပ်ကွက် နှင့် ကျေးရွာများအထိ ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့တွင် တစ်နေကုန်နီးပါး လျှပ်စစ်မီး ပြတ်တောက်မည် ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးခွဲက အသိပေးထားရှိသည်။

လျှပ်စစ်မီး ပြတ်တောက်မည့် ရပ်ကွက်နှင့်ကျေးရွာများမှာ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ   မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂) တံတားမှ စ၍ ရန်အောင်မြေ၊ ဝိန်းကျောက်၊ ပါဆတ် နှင့် ဆေခမ်း ရပ်ကွက်များ အပါအဝင် ဝမ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)နှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတို့အထိ ဖြစ်သည်။

လျှပ်စစ်မီး ပြတ်တောက်မည့် နေ့မှာ ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့ဖြစ်ပြီး  ပြတ်တောက်ချိန်အား နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ သတ်မှတ်ထားကြောင်းနှင့် လုပ်ငန်းအမြန်ဆုံး ပြီးမြောက်ပါက လျှပ်စစ်မီးအား စောလျင်စွာ လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~