တာချီလိတ်တွင် အိမ်ခန်းငှားနှင့် ဆိုင်ခန်းငှားများ လျှပ်စစ်မီတာခ ပိုမိုကောက်ခံနေ၍ သတ်မှတ်နှုန်းထားအတိုင်း တပြေးကောက်ခံရန် မီးလင်းရေးနှင့် အုပ်ချုပ်ရေးပိုင်း ပူးပေါင်း ဆောင်ရွက်မည်

တာချီလိတ်တွင် အိမ်ခန်းငှားနှင့် ဆိုင်ခန်းငှားများ လျှပ်စစ်မီတာခ ပိုမိုကောက်ခံနေ၍ သတ်မှတ်နှုန်းထားအတိုင်း တပြေးကောက်ခံရန် မီးလင်းရေးနှင့် အုပ်ချုပ်ရေးပိုင်း ပူးပေါင်း ဆောင်ရွက်မည်
ဇူလိုင် 23, 2020
By Tachileik News Agency
တာချီလိတ်တွင် အိမ်ခန်းငှားနှင့် ဆိုင်ခန်းငှားများ လျှပ်စစ်မီတာခ ပိုမိုကောက်ခံနေ၍ သတ်မှတ်နှုန်းထားအတိုင်း တပြေးကောက်ခံရန် မီးလင်းရေးနှင့် အုပ်ချုပ်ရေးပိုင်း ပူးပေါင်း ဆောင်ရွက်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အိမ်ခန်းငှား၊ ဆိုင်ခန်းငှားများ လျှပ်စစ်မီတာခကို သတ်မှတ်နှုန်းထားအတိုင်း တပြေးညီခံစားခွင့်ရစေရေး လုပ်ဆောင်ရန် ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အတိုင်း မြို့မီးလင်းရေးကော်မတီအနေဖြင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်သည်။

အိမ်ရှင် အိမ်ငှားကိစ္စကိုတော့ ကျွန်တော်တို့မီးလင်းရေးကော်မတီက အမိန့်တစ်စုံတစ်ရာ ပေးလို့မရပါဘူး ။ ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ကအာဏာပိုင်အဖွဲ့အစည်းမဟုတ်တဲ့အတွက် အာဏာပိုင်ဖြစ်တဲ့ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တွေကနေကတစ်ဆင့် ရပ်ကျေးဥက္ကဌတွေနဲ့ ပူးပေါင်းဆောင်ရွက် ပေးမှသာ အဆင်ပြေမှာပါ။ ကျွန်တော်တို့ကတော့ မီတာလျောက်တဲ့အချိန်မှာ မီတာလျောက်လွှာပါစည်းကမ်းချက် စည်းမျဉ်းစည်းကမ်းအရတော့ ခေါ်ယူညှိနှိုင်းလို့ရတယ်။ သက်မှတ်စည်းကမ်းမပြည့်မှီဘူးဆိုရင် အရေးယူလို့ရတယ်။ ဥပမာ မီးဖြတ်လို့ရတယ်။ မီးလင်းရေးနဲ့ပတ်သက်တဲ့စည်းကမ်းချက်တွေကို အကြိမ်ကြိမ်အခါခါ သတိပေးပြီးတော့မှ မလိုက်နာဘူးဆိုရင် တင်းတင်းကြပ်ကြပ်လုပ်မှာပါ

ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီဥက္ကဌ ဦးတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့ အစည်းအဝေးအပြီးတွင် ပြောသည်။ 

တာချီလိတ်မြို့တွင် နေအိမ်၊ ဆိုင်ခန်းငှားရမ်းနေထိုင်သူများသည် လျှပ်စစ်မီတာခကို အိမ်ရှင်၊ ဆိုင်ခန်းပိုင်ရှင်များက ဈေးနှုန်းအမျိုးမျိုးဖြင့် ကောက်ခံသည့်အတိုင်း ပေးဆာင်နေရပြီး COVID-19 ကာလအထိ လျော့ပေါ့ကောက်ခံပေးခြင်းမရှိသည့်အတွက် အိမ်၊ ဆိုင်ခန်းငှားရမ်းနေထိုင်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးပါရန်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ ၂၀၂၀ ခုနှစ် ဇွန်လ (၉) ရက်နေ့တွင် အကြောင်းကြားစာ ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မှ အိမ်ခန်းငှား၊ ဆိုင်ခန်းငှားများသည် COVID 19 ကာလအတွင်း မြို့မီးလင်းရေးကော်မတီက လျှပ်စစ်မီတာခ လျှော့ပေါ့ကောက်ခံပေးခဲ့ရာတွင်လည်း လျှော့ပေါ့ခံစားခွင့် မရကြဘဲ မီတာခကို သတ်မှတ်ဈေးနှုန်းထက် နှစ်ဆနီးပါး ပေးဆောင်ခဲ့ကြရသဖြင့် မြို့မီးလင်းရေးကော်မတီက အိမ်ရှင်၊ ဆိုင်ရှင်များအား မေတ္တာရပ်ခံခြင်းကိုလည်း လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

အိမ်ခန်းငှား၊ ဆိုင်ခန်းငှားသူများက မီတာတစ်လုံးမှနေ၍ အိမ်ခန်း၊ ဆိုင်ခန်းများစွာကို မျှဝေသုံးစွဲစေရာတွင် ပျောက်ဆုံးယူနစ်များ ရှိသည်ဟုဆိုကာ မိမိတို့ အစီအစဉ်ဖြင့် ဈေးနှုန်းသတ်မှတ်ကောက်ခံခြင်းကို ယခင်နှစ်ပေါင်းများစွာကတည်းက လုပ်ဆောင်လာကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -  ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~