တောမီးခိုးမြူများ တာချီလိတ်မြို့တွင်းသို့ ဝင်ရောက်လာမှုကြောင့် ဆာလဖာဒိုင်အောက်ဆိုဒ် ပါဝင်မှု မြင့်တက်

တောမီးခိုးမြူများ တာချီလိတ်မြို့တွင်းသို့ ဝင်ရောက်လာမှုကြောင့် ဆာလဖာဒိုင်အောက်ဆိုဒ် ပါဝင်မှု မြင့်တက်
မတ် 10, 2020
By Tachileik News Agency
 တောမီးခိုးမြူများ တာချီလိတ်မြို့တွင်းသို့ ဝင်ရောက်လာမှုကြောင့်  ဆာလဖာဒိုင်အောက်ဆိုဒ်ပါဝင်မှု  မြင့်တက်

နယ်စပ်ဒေသ တာချီလိတ်မြို့တွင်း လေလလထုအတွင်း (၂) ရက်တာကာလတွင် လေထုအတွင်းသေးငယ်သည့် အမှုန်အမွှားများပါဝင်မှု လေထုအရည်အသွေးအညွှန်းကိန်း(AQI)အညွှန်းကိန်းနှင့် ဆာလဖာဒိုင်အောက်ဆိုဒ်ပါဝင်မှု (၂) ဆကျော်မြင့်တက်လာသဖြင့် တောမီးလောင်ကျွမ်းမှုများကို စုံစမ်းမှုများလုပ်ဆောင်နေကြောင်း သိရသည်။

ကျွန်တော်တို့ ဘက်ခြမ်းမှာတော့ ဆာလာဒိုင်အောက်ဆိုဒ်မြင့်လာတာပေါ့။ တောမီးတွေ ဘာတွေဘယ်မှာလောင်လဲတော့ မသိဘူး။ ကျွန်တော်တို့ စုံစမ်းဖို့ လုပ်နေတယ်။ ဆာလဖာဒိုင်အောက်ဆိုဒ်မြင့်လာတာက မီးခိုးများတဲ့ သဘောပေါ့။ လေတိုက်ရင်တော့ လွှင့်ပါသွားတဲ့ သဘောရှိတယ်။ မနှစ်က ဖြစ်တာတော့ PM မြင့်တာပေါ့။ PM မြင့်ရင်အ န္တရာယ်ရှိတာပေါ့။ မျက်စိမွန်တာ၊ လည်ချောင်းယားယံတာတို့ ဖြစ်တာပေါ့

ဟု တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လေထုအရည်အသွေးထုတ်ပြန်ချက်များအရ ၂၀၂၀ ခုနှစ် မတ်လ (၈) ရက်နေ့တွင် လေထုအတွင်းသေးငယ်သည့် အမှုန်အမွှားများပါဝင်မှု လေထုအရည်အသွေးအညွှန်းကိန်း(AQI) ပါဝင်မှု (၁၁)၊ ကာဗွန်မိုနောက်ဆိုက်(CO) ပါဝင်မှုမှာ (၁)၊ ဆာလဖာဒိုင်အောက်ဆိုဒ်(SO2) ပါဝင်မှုမှာ (၂၇) နှင့် နိုထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2) ပါဝင်မှုမှာ (၈) ရှိနေပြီး မတ်လ (၁၀) ရက်နေ့ထုတ်ပြန်ချက်အရ လေထုအတွင်းသေးငယ်သည့် အမှုန်အမွှားများပါဝင်မှု လေထုအရည်အသွေးအညွှန်းကိန်း(AQI) ပါဝင်မှု (၂၇)၊ ကာဗွန်မိုနောက်ဆိုက်(CO) ပါဝင်မှုမှာ (၁)၊ ဆာလဖာဒိုင်အောက်ဆိုဒ်(SO2) ပါဝင်မှုမှာ (၄၂) နှင့် နိုထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2) ပါဝင်မှုမှာ (၈) ထိမြင့်တက်လာကြောင်း သိရသည်။ 

ကျွန်တော်တို့စက်က (၄) မျိုးပဲ တိုင်းနိုင်တယ်။ PM (၁.၂) မတိုင်းနိုင်ဘူး။ (၁၀) ပဲတိုင်းနိုင်တာပေါ့။ မနှစ်က တည်းက ဒီအတိုင်းပဲ ထုတ်ပြန်နေရတယ်

ဟု  လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက ပြောသည်။

နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်ရေးအတွက် ခရိုင်၊ မြို့နယ်အဆင့် ကော်မတီအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့က ကျင်းပခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုများအထိ အသိပညာပေးမှုများ ဆောင်ရွက်ရန်ညွှန်ကြားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူဖုံးလွှမ်းခြင်းကြောင့် လေထုညစ်ညမ်းမှုကာကွယ်နိုင်ရန် လေထုအရည်အသွေး တိုင်းတာရရှိသည့် အချက်အလက်များကို နေ့စဉ်ထုတ်ပြန်ပေးခြင်း၊ သစ်တောဦးစီးဌာနနှင့် ခရိုင် မီးသတ်ဦးစီးဌာနရှိ မီးသတ်ယာဉ်များဖြင့် တောမီးငြှိမ်းသတ်ခြင်း၊ လေထုအတွင်း ရေမှုန်ရေမွှား ပက်ဖျန်းခြင်း၊ ကျန်းမာရေးဦးစီးဌာနက အရေးပေါ်လူနာတင်ယာဉ်များ၊ အရေးပေါ်ကုသခန်းများထားရှိခြင်းနှင့် အများပြည်သူ မီးခိုးရှောင်စခန်းများ ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားကြောင်း သိရသည်။

တောမီးရှို့မှုများသည့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသနှင့် နယ်နမိတ်ထိစပ်နေသည့် တာချီလိတ်ခရိုင်တွင် နှစ်စဉ် လပေါင်းများစွာ မီးခိုးမြူဖုံးလွှမ်းသည့်ဒဏ်ကို ခံစားရလေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
သတငျး - ဟန်စိုးထွန်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~