မြန်မာနိုင်ငံအတွင်း အလုပ် လုပ်ကိုင်ရန် ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၈)ဦးကို ဖမ်းဆီးရမိ

မြန်မာနိုင်ငံအတွင်း အလုပ် လုပ်ကိုင်ရန် ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၈)ဦးကို ဖမ်းဆီးရမိ
ဇူလိုင် 15, 2020
By Tachileik News Agency

မြန်မာနိုင်ငံအတွင်း အလုပ် လုပ်ကိုင်ရန် ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၈)ဦးကို ဖမ်းဆီးရမိ

မြန်မာနိုင်ငံအတွင်း အလုပ် လုပ်ကိုင်ရန်အတွက်ဟုဆိုကာ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့နယ်အတွင်း ခိုးဝင်လာသည့် တရုတ်နိုင်ငံသား (၈)ဦးကို တပ်မတော်လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိ၍ ရဲတပ်ဖွဲ့ထံ အပ်နှံပေးထားကြောင်း သိရသည်။

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်အတွင်း ကြာတိမော်ကျေးရွာ၏ အနောက်ဘက်တွင် တရုတ်နိုင်ငံသား (၈)ဦးကို တပ်မတော်လုံခြုံရေးအဖွဲ့မှ ၂၀၂၀ခုနှစ် ဇူလိုင်(၁၄)ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများအား တပ်မတော်ဆေးအဖွဲ့က ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးပြီးနောက် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် တာရွှေထန်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံပေးလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~