တာချီလိတ်ရှိ နယ်ခြားစောင့်တပ်မှ ဒုတပ်ကြပ်အား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်ဆီးရမိ

တာချီလိတ်ရှိ နယ်ခြားစောင့်တပ်မှ ဒုတပ်ကြပ်အား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်ဆီးရမိ
ဒီဇင်ဘာ 16, 2019
By Tachileik News Agency
တာချီလိတ်ရှိ နယ်ခြားစောင့်တပ်မှ ဒုတပ်ကြပ်အား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်ဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်တွင် နယ်ခြားစောင့်တပ်မှ ဒုတပ်ကြပ်ထံက စိတ်ကြွဆေးပြားများကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (15)ရက်နေ့က ဖမ်းဆီးရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း မယ်လိပါကော်ကျေးရွာနေ စံတင်၏ နေအိမ်အား မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့ ညနေ(၅)နာရီခွဲ ဝန်းကျင်အချိန်က  မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာမှ စံတင်အား နေအိမ်တွင် အသင့်တွေ့ရှိရပြီး အိပ်ခန်းအတွင်း ဆက်လက်ရှာဖွေရာက မူးယစ်ဆေးဝါးများကို တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးမှုများ  ပြုလုပ်ရာတွင်  နေအိမ်အိပ်ခန်းအတွင်းမှ  “999”စာတမ်းပါ မိုင်းကိုင် စက္ကူဖြင့် တစ်ထပ်၊ ရှမ်းစက္ကူ တစ်ထပ်ပတ်လျက် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၇၃၃၀) ပြား အပြင် ထိုင်းဘတ်ငွေ (၆၂၀၀)ဘတ် နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် နယ်ခြားစောင့်တပ်မှ အသက်(၄၀)နှစ် ဝန်းကျင်ရှိ ဒုတပ်ကြပ် စံတင်အား  တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၅၀/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~