တာချီလိတ်မြို့၏ တစ်နေ့တာအတွင်း Covid-19 ပိုး ကူးစက်ခံထားရသူ (၇၁)ဦး ထပ်တိုးပြီး သေဆုံးသူ (၂)ဦး ထပ်တိုး

တာချီလိတ်မြို့၏ တစ်နေ့တာအတွင်း Covid-19 ပိုး ကူးစက်ခံထားရသူ (၇၁)ဦး ထပ်တိုးပြီး သေဆုံးသူ (၂)ဦး ထပ်တိုး
သြဂုတ် 4, 2021 | Covid-19| ရှမ်းရှေ့

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် ယနေ့ ဩဂုတ်လ(၄)ရက်နေ့၏ တစ်နေ့တာအတွင်း နေရာပေါင်း(၂)နေရာတွင် စစ်ဆေးချက်အရ Covid-19 ကူးစက်ခံထားရသူ (၇၁)ဦး ထပ်တိုးသလို သေဆုံးသူလည်း (၂)ဦး ထပ်တိုးကြောင်း သိရသည်။

တာချီလိတ်ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် စစ်ဆေးချက်အရ ပိုးတွေ့ရှိရသူ အမျိုးသား (၃၀)ဦး နှင့် အမျိုးသမီး (၃၂)ဦး စုစုပေါင်း (၆၂)ဦးအနက် အများဆုံးတွေ့ရသည့် ရပ်ကွက်များ အနေဖြင့် ရန်အောင်မြေရပ်ကွက်မှ (၁၇)ဦး၊ ဝမ်ကောင်းရပ်ကွက်မှ (၁၂)ဦး၊ နှင့် မယ်ခေါင်ရပ်ကွက်မှ (၁၂)ဦးတို့ ပါဝင်ကြောင်းသိရသည်။

တာချီလိတ်ခရိုင်ပြည်သူဆေးရုံကြီး၏  စစ်ဆေးချက်အရ (၉)ဦးတွင် Covid-19 ပိုးတွေ့ရသည့်အတွက် တစ်နေ့တာအတွင်း (၇၂)ဦးအထိ တွေ့ရှိထားရခြင်း ဖြစ်ကြောင်း သိရသည်။ 

ယနေ့ ဩဂုတ်လ(၄)ရက်နေ့၏ တစ်နေ့တာ သေဆုံးမှုအဖြစ် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း ဘုရင့်နောင်ပုဂ္ဂလိကဈေးတွင် နေထိုင်သူ အသက်(၆၅)နှစ်အရွယ် အမျိုးသားတစ်ဦးသည် နံနက်ပိုင်းက သေဆုံးပြီး  တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့တွင်းနေ အသက် (၆၉)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ညနေပိုင်းတွင် သေဆုံးသည့်အတွက် တစ်နေ့တာအတွင်း သေဆုံးသူ (၂)ဦးအထိ ရှိခြင်း ဖြစ်သည်။



တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဩဂုတ်လ(၄)ရက်နေ့ ညနေပိုင်းအထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၁၆၀၂)ဦး ရှိနေပြီး ဆေးရုံဆင်းခွင့်ရရှိသွားသူများမှာ (၇၀၀)ကျော်အထိရှိကာ သေဆုံးသွားကြသူများမှာ အမျိုးသား(၁၀)ဦး နှင့် အမျိုးသမီး(၆)ဦး စုစုပေါင်း (၁၆)ဦးအထိ ရှိလာရာတွင် ဘုန်းကြီးတစ်ပါး ပါဝင်သည်။

 #TachileikNewsAgency