နမ္မတူ - လားရှိုးလမ်းတွင် တပ်မတော်နှင့် TNLA ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအနီး အရပ်သားယာဉ်မောင်းတစ်ဦး သေဆုံး

နမ္မတူ - လားရှိုးလမ်းတွင် တပ်မတော်နှင့် TNLA ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအနီး အရပ်သားယာဉ်မောင်းတစ်ဦး သေဆုံး
ဒီဇင်ဘာ 29, 2019
By Tachileik News Agency
နမ္မတူ - လားရှိုးလမ်းတွင် တပ်မတော်နှင့် TNLA ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအနီး 
အရပ်သားယာဉ်မောင်းတစ်ဦး သေဆုံး

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူ - လားရှိုးလမ်း လွယ်တောက်လားဟူရွာအနီးတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့ ညနေ (၃)နာရီဝန်းကျင်က တပ်မတော်စစ်ကြောင်းကို TNLA က လက်နက်ကြီးဖြင့် အဝေးမှ ပစ်ခတ်ရာ အဆိုပါ လမ်းပေါ်ရှိ အရပ်သားယာဉ်မောင်းတစ်ဦး လက်နက်ကြီးအစ ထိမှန်သေဆုံးသွားကြောင်း သိရသည်။

နမ္မတူ - လားရှိုးလမ်းတွင် တပ်မတော်စစ်ကြောင်းကို ပစ်ခတ်ခံရစဉ် အနီးရောက်နေသည့် သတ္တုသယ်ယာဉ်တစ်စီး၏ ယာဉ်မောင်းက မော်တော်ယာဉ်ကို ရပ်တန့်ပြီး ယာဉ်အောက်တွင် ပုန်းအောင်းနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိခိုက်သေဆုံးသွားသည့် ယာဉ်မောင်းမှာ နမ္မတူ သတ္တူကြိူပို့ကားမောင်းသူဖြစ်ပြီး‌ကြောင်း သိရသည်။

နမ္မတူ - လားရှိုးလမ်းရှိ (၁၅) မိုင် လားဟူရွာအနီးတွင် တပ်မတော်စစ်ကြောင်းအား TNLA  က RPG ဖြင့် စတင်ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှု (၁၅)မိနစ်ဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~