တာချီလိတ်မြို့တွင် စည်ပင်သာယာအခွန်နှုန်းထားများပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်နေ
တာချီလိတ်မြို့တွင် စည်ပင်သာယာအခွန်နှုန်းထားများပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်နေ
ဇှနျ 6, 2019
By Tachileik News Agency
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာအခွန်နှုန်းထားသစ်ဖြင့် ကောက်ခံနိုင်ရေးအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စည်ပင်သာယာရေးကော်မတီက အခွန်အမျိုးအစားအလိုက် နှုန်းထားသစ်သတ်မှတ်ရေး စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။
စည်ပင်သာယာရေးကော်မတီအနေဖြင့် အခွန်နှုန်းထားသစ်များ ဆွေးနွေးပြီးပါက မြို့နယ်စီမံခန့်ခွဲရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သဘောထားမှတ်ချက်ရယူခြင်း၊ အမိန့်ကြေငြာစာထုတ်ပြန်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
အခွန်နှုန်းထားသစ်များသတ်မှတ်ရေးအတွက် ကော်မတီက၂၀၁၉ ခုနှစ် မေလ (၂၁) ရက်နေ့က စတင်ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာအခွန်နှုန်းထားသစ်ဖြင့် ကောက်ခံနိုင်ရေးအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စည်ပင်သာယာရေးကော်မတီက အခွန်အမျိုးအစားအလိုက် နှုန်းထားသစ်သတ်မှတ်ရေး စတင်ဆွေးနွေးနပြေီဖြစ်ကြောင်း သိရသည်။
"အခုကဆွေးနွေးနေတုန်း။ အတည်မပြုရသေးဘူး။ အခွန်အခတွေနှုန်းထားတိုးမြှင့်ဖို့ကိစ္စပေါ့။ လက်ရှိအခွန်တွေက နှစ်ကြာလာပြီလေ။ သုံးလေးနှစ်လောက်ရှိလာပြီဆိုတော့ နှုန်းထားကို နည်းနည်းစီတိုးမြှင့်ဖို့ ဆွေးနွေးတာပေါ့။ အကြမ်းပဲရှိသေးတယ်။ အချောမသတ်သေးဘူးပေါ့။ အခွန်ကအမယ်များတယ်လေ"ဟု တာချီလိတ်မြို့စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စည်ပင်သာယာရေးကော်မတီအနဖြေင့် အခွန်နှုန်းထားသစ်များ ဆွေးနွေးပြီးပါက မြို့နယ်စီမံခန့်ခွဲရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သဘောထားမှတ်ချက်ရယူခြင်း၊ အမိန့်ကြငြောစာထုတ်ပြန်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
နှုန်းထားသစ်များနှင့်ပတ်သက်၍ ကန့်ကွက်လိုသူများက ကန့်ကွက်နိုင်ရန် တစ်လကြေညာပြီးနောက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနထံ ဆက်လက်တင်ပြအတည်ပြုရမည်ဖြစ်ကြောင်း သိရသည်။
အခွန်နှုန်းထားသစ်များသတ်မှတ်ရေးအတွက် ကော်မတီက၂၀၁၉ ခုနှစ် မေလ (၂၁) ရက်နေ့က စတင်ဆွေးနွေးနခြေင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net