ထုိင္းနိုင္ငံတြင္ ငါးႏွစ္အရြယ္သမီးငယ္ကို ျပည့္တန္ဆာအျဖစ္ေစခုိင္းေနသည့္ မိခင္ျဖစ္သူအား ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီး

ထုိင္းနိုင္ငံတြင္ ငါးႏွစ္အရြယ္သမီးငယ္ကို ျပည့္တန္ဆာအျဖစ္ေစခုိင္းေနသည့္ မိခင္ျဖစ္သူအား ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီး
ဧပြီ 23, 2019
By 🌸
ငါးႏွစ္အရြယ္သမီးျဖစ္သူကို ဘတ္ (၂၀၀)မွ ဘတ္ (၃၀၀)အထိ အခေၾကးေငြယူၿပီး ျပည့္တန္ဆာအျဖစ္ ခိုင္းေစေနသည့္ အသက္ (၂၈)ႏွစ္အရြယ္ မိခင္ျဖစ္သူကို ထုိင္းႏုိင္ငံတြင္ ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။

ထုိင္းရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၁)ရက္ေန႔က ဝင္ေရာက္ဖမ္းဆီးရာတြင္ အဆိုပါအမ်ိဳးသမီးႏွင့္အတူ အသက္ (၅၂)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးကိုပါ ဖမ္းဆီးရမိခဲ့ၿပီး ကေလးငယ္အား ထိန္းသိမ္းေစာင့္ေရွာက္ထားေၾကာင္း သိရသည္။

ရပ္ကြက္အတြင္း သီးျခားျဖစ္ေနသည့္ လူေနအိမ္ဝန္းအတြင္း ပစ္ကပ္ကားတစ္စီး၏ ေနာက္ခန္းတြင္ အိပ္ရာတစ္ခုတင္ထားၿပီး ကေလးငယ္အား ျပည့္တန္ဆာအျဖစ္ခိုင္းေစရာတြင္ အသံုးျပဳေၾကာင္း ရဲတပ္ဖြဲ႕က စစ္ေဆးေတြ႔ရိွခဲ့ေၾကာင္း သိရသည္။

ကေလးသူငယ္အား လိင္ကၽြန္အျဖစ္ခုိင္းေစသည့္ ကေလး၏မိခင္ျဖစ္သူႏွင့္အတူ အသက္ (၁၅)ႏွစ္ေအာက္ ကေလးငယ္ကို အဓမၼက်ဴးလြန္သည့္ အမ်ိဳးသားကိုပါ အေရးယူထားေၾကာင္းသိရသည္။

ကေလးငယ္မွာ ရဲတပ္ဖြဲ႕က မကယ္တင္မီ လေပါင္းမ်ားစြာ ျပည့္တန္ဆာအျဖစ္ ေစခိုင္းခံခဲ့ရၿပီး လက္ရိွတြင္ လူမႈဖြံ႕ၿဖိဳးေရးဌာနက ေစာင့္ေရွာက္ေပးထားေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် ငါးနှစ်အရွယ်သမီးငယ်ကို ပြည့်တန်ဆာအဖြစ်စေခိုင်းနေသည့် မိခင်ဖြစ်သူအား ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး
*************
ငါးနှစ်အရွယ်သမီးဖြစ်သူကို ဘတ် (၂၀၀)မှ ဘတ် (၃၀၀)အထိ အခကြေးငွေယူပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေနေသည့် အသက် (၂၈)နှစ်အရွယ် မိခင်ဖြစ်သူကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့က ဝင်ရောက်ဖမ်းဆီးရာတွင် အဆိုပါအမျိုးသမီးနှင့်အတူ အသက် (၅၂)နှစ်အရွယ် အမျိုးသားတစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့ပြီး ကလေးငယ်အား ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

ရပ်ကွက်အတွင်း သီးခြားဖြစ်နေသည့် လူနေအိမ်ဝန်းအတွင်း ပစ်ကပ်ကားတစ်စီး၏ နောက်ခန်းတွင် အိပ်ရာတစ်ခုတင်ထားပြီး ကလေးငယ်အား ပြည့်တန်ဆာအဖြစ်ခိုင်းစေရာတွင် အသုံးပြုကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ကလေးသူငယ်အား လိင်ကျွန်အဖြစ်ခိုင်းစေသည့် ကလေး၏မိခင်ဖြစ်သူနှင့်အတူ အသက် (၁၅)နှစ်အောက် ကလေးငယ်ကို အဓမ္မကျူးလွန်သည့် အမျိုးသားကိုပါ အရေးယူထားကြောင်းသိရသည်။

ကလေးငယ်မှာ ရဲတပ်ဖွဲ့က မကယ်တင်မီ လပေါင်းများစွာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံခဲ့ရပြီး လက်ရှိတွင် လူမှုဖွံ့ဖြိုးရေးဌာနက စောင့်ရှောက်ပေးထားကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net