ထိုင်းနိုင်ငံမှ ဖမ်းဆီးပြီး ပြန်လွှဲပေးသည့် မြန်မာနိုင်ငံသားများကို ဝူဟန်အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ တိုင်းတာစစ်ဆေးပြီး တာချီလိတ်ဘက်က လက်ခံထိုင်းနိုင်ငံမှ ဖမ်းဆီးပြီး ပြန်လွှဲပေးသည့် မြန်မာနိုင်ငံသားများကို ဝူဟန်အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ တိုင်းတာစစ်ဆေးပြီး တာချီလိတ်ဘက်က လက်ခံ

ဇန်နဝါရီ 31, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ ဖမ်းဆီးပြီး ပြန်လွှဲပေးသည့် မြန်မာနိုင်ငံသားများကို ဝူဟန်အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ တိုင်းတာစစ်ဆေးပြီး တာချီလိတ်ဘက်က လက်ခံ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး  မြန်မာနိုင်ငံ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကူးစက်ပျံ့ပွားမရှိစေရေးအတွက် တိုင်းတာစစ်ဆေးပြီးမှ စိစစ် လက်ခံခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်လ၀ကမှ တာဝန်ရှိသူများက ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက်(၁၁)နာရီအချိန်က  မြန်မာနိုင်ငံသား အမျိုးသား(၆)ဦး နှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၁)ဦးအား လာရောက်လွှဲပြောင်းလာရာ လ၀က၊ ထွေအုပ်၊ လူကုန်တား နှင့် CNCMCမှ စိစစ်လက်ခံပေးခဲ့ကြပြီး ကျန်းမာရေးဌာနကလည်း ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကူးစက်ပျံ့ပွားမရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

"လွှဲလာတဲ့သူတွေကတော့ ခါတိုင်းပုံမှန်အတိုင်းပါပဲ။ အလုပ်သမားကတ်တွေ မပါတဲ့သူတွေပေါ့နော်၊ ထိုင်းဘက်ကလည်း သူတို့ကို  စစ်ပြီးမှ လွှတ်ပေးတာတဲ့ ဒီဖက်ကလည်း သေချာအောင် ရောဂါပိုးလား မပါလားဆိုတာကို ပြန်စစ်တာပေါ့"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်  မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC )မှ ကိုထွန်းနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၁၁)ဦးတွင် ချင်းပြည်နယ်မှ (၁)ဦး၊ ရခိုင်ပြည်နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၃)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ (၄)ဦး နှင့် မန္တလေးတိုင်းဒေသကြီးမှ (၁)ဦးအပြင် ပဲခူးတိုင်းဒေသကြီးမှ (၁)ဦး ပါဝင်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - CNCMC

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~