တာချီလိတ်မြို့နယ် ဟိုခိုရွာမှ နေအိမ်တွင် ရပ်ထားသည့်ဆိုင်ကယ် နေ့ခင်းပိုင်း၌ ခိုးယူခံရ

တာချီလိတ်မြို့နယ် ဟိုခိုရွာမှ နေအိမ်တွင် ရပ်ထားသည့်ဆိုင်ကယ် နေ့ခင်းပိုင်း၌ ခိုးယူခံရ
ဇန်နဝါရီ 3, 2020
By 🌸

တာချီလိတ်မြို့နယ် ဟိုခိုရွာမှ နေအိမ်တွင် ရပ်ထားသည့်ဆိုင်ကယ် နေ့ခင်းပိုင်း၌ ခိုးယူခံရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ နေအိမ်တွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့တွင် ခိုးယူခံလိုက်ရသည်။

ဆိုင်ကယ်ခိုးသူကို အနီးဝန်းကျင်မှ CCTV မှတ်တမ်းများတွင်တွေ့ရပြီး အမျိုးသားတစ်ဦးက နေ့လယ် (၂) နာရီ (၁၅)မိနစ် ဝန်းကျင်တွင် ခိုးယူသွားခဲ့ခြင်း ဖြစ်သည်ကို CCTV မှတ်တမ်းတွင် တွေ့ရသည်။

ဆိုင်ကယ်အမျိုးစား wave 125၊ 2016 မော်ဒယ် အနက်ရောင်ဖြစ်ပြီး အဆိုပါ ဆိုင်ကယ်အား လာရောက် ရောင်းချပါက ဖုန်း 09778210376၊ 09402204877 နှင့် 09772762025 တို့သို့ ဆက်သွယ်အကြောင်းကြား ပေးနိုင်ပါရန် ယာဉ်ပိုင်ရှင်က အကူအညီတောင်းခံထားသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးယူခံရမှုများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~