တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့ ဈေးတန်း(ကွက်သစ်)ရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်

တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့ ဈေးတန်း(ကွက်သစ်)ရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်
ဇူလိုင် 26, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့ ဈေးတန်း(ကွက်သစ်)ရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့၊ ဈေးတန်း (ကွက်သစ်)ရပ်ကွက်တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့ ည (၁၀)နာရီခွဲဝန်းကျင်အချိန်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

နေအိမ်မီးဖိုဆောင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကနဦးသိရပြီး မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်နေလူထု ပူးပေါင်းငြှိမ်းသတ်မှုကြောင့် အခြားအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း ဖြစ်သည့် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဟိုရမ်း(၁)ကျေးရွာတွင်လည်း ယနေ့ ဇူလိုင်လ(၂၆)ရက်နေ့ ည(၉)နာရီခွဲကျော်ကလည်း နေအိမ်အထပ်မြင့်တန်းလျားတစ်လုံး မီးလောင်မှု ဖြစ်ပွားသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~