ကျိုင်းတုံ စစ်ဆေးရုံတွင် သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှ မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးမည်အစီအစဉ် ဖေဖော်ဝါရီလ(၂၉)ရက်နေ့ စမည်ဖြစ်၍ ဝေဒနာရှင်များ စာရင်းပေးနိုင်

ကျိုင်းတုံ စစ်ဆေးရုံတွင် သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှ မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးမည်အစီအစဉ် ဖေဖော်ဝါရီလ(၂၉)ရက်နေ့ စမည်ဖြစ်၍ ဝေဒနာရှင်များ စာရင်းပေးနိုင်
ဇန်နဝါရီ 25, 2020
By Tachileik News Agency

ကျိုင်းတုံ စစ်ဆေးရုံတွင် သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှ မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးမည်အစီအစဉ် ဖေဖော်ဝါရီလ(၂၉)ရက်နေ့ စမည်ဖြစ်၍ ဝေဒနာရှင်များ စာရင်းပေးနိုင်

သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့်  ဘယ်လ်ဂျီယံနိုင်ငံမှ အထူးကုဆရာဝန်များအဖွဲ့ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းမှ မျက်စိဝေဒနာရှင်များအား ကျိုင်းတုံမြို့ရှိ စစ်ဆေးရုံတွင် အခမဲ့ကုသပေးမည်ဖြစ်သည့်အတွက် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နောက်ဆုံးထားကာ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ဖြစ်စေ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဖြစ်စေ စာရင်းပေးသွင်းနိုင်ကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက အသိပေးထားရှိသည်။

မျက်စိဝေဒနာရှင်များအား ကျိုင်းတုံမြို့ရှိ စစ်ဆေးရုံတွင် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၉)ရက်နေ့မှ မတ်လ (၃)ရက်နေ့ အထိ အခမဲ့ ကုသပေးသွားမည့်အပြင် လာရောက်ကုသမည့် ဝေဒနာရှင်များအတွက် တည်းခိုနေထိုက်စားသောက်ရေးကိုလည်း တပ်မတော်ဆေးရုံက စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်သို့ သွားရောက် ကုသမှုခံယူလိုသူများအနေဖြင့်  ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ဖြစ်စေ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့အထိ စာရင်းပေးနိုင်မည်ဖြစ်ပြီး ကျန်ရှိသူများအနေဖြင့် နောက်တိုး စာရင်းအား ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နောက်ဆုံး စာရင်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့သို့ သွားရောက်ကုသမှု ခံယူမည့် တာချီလိတ်မြို့က ဝေဒနာရှင်များထဲမှ လမ်းစရိတ် အခက်အခဲရှိသူများ အနေဖြင့် တာချီလိတ်မြို့ ဟိုတယ်တာချီလိတ် နှင့် ဘုရင့်နောင်ပုဂ္ဂလိကဈေးမှ ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို မိသားစုမှ တစ်ဦးလျှင် ကျပ်(၂၀,၀၀၀)စီ လှူဒါန်းပေးမည်ဖြစ်သည့်အတွက် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~