ဒီးမော့ဆိုမြို့နယ်အတွင်း  အာဏာသိမ်းစစ်ကောင်စီတပ်က ညပိုင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ရ

Photo: Karenni Nationalities Defense Force -KNDF B-10
Photo: Karenni Nationalities Defense Force -KNDF B-10
ဒီးမော့ဆိုမြို့နယ်အတွင်း  အာဏာသိမ်းစစ်ကောင်စီတပ်က ညပိုင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ရ
ဖေဖော်ဝါရီ 8, 2022 | ကယား

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့၏ အရှေ့ဖက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၇) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်မှစ၍ လက်နက်ကြီး (၄)လုံးပစ်ခတ်ရာ (၃) လုံးပေါက်ကွဲသွားကြောင်း သိရသည်။

မပေါက်ကွဲသေးဘဲ ကျန်နေသည့် လက်နက်ကြီးကျည်ကို KNDF တပ်ရင်းက သွားရောက်စစ်ဆေးပြီး ၁၂၀ မမ လက်နက်ကြီးကျည်ဖြစ်ကြောင်း အတည်ပြုထားသည်။ 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနီးဝန်းကျင် ကျေးရွာများတွင် နေထိုင်သူများ ညတွင်းချင်း တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။